UFC ခ်န္ပီယံခါဘစ္ကိုေက်ာ္ျဖတ္ၿပီး၊ Int Fighter of the Year ဆုရရွိခဲ့တဲ့ ေအာင္လအန္ဆန္

57

ျမန္မာ့ဂုဏ္ေဆာင္ ေအာင္လအန္ဆန္ကေတာ့ ကမာၻေက်ာ္ UFC ဖုိက္တာတစ္ဦးျဖစ္တဲ့ ႐ုရွားႏုိင္ငံသား ခါဘစ္ကို ေက်ာ္ျဖတ္ၿပီး၊ International Fighter of the Year ဆုကို ရယူႏုိင္ခဲ့ၿပီ ျဖစ္ပါတယ္။ ဒီဆုကို Fighter Only မဂၢဇင္းက ေရြးခ်ယ္ခ်ီးျမင့္တာျဖစ္ၿပီး-

အေမရိကန္ႏုိင္ငံ၊ လက္စ္ဗီးဂက္စ္ၿမိဳ႕မွာ ဒီဆုခ်ီးျမင့္ျခင္းအခမ္းအနားကို က်င္းပခဲ့တာပါ။ International Fighter of the Year ဆုအတြက္ စံကာတင္စာရင္းမွာ နာမည္ေက်ာ္ ဖုိ္က္တာေတြျဖစ္တဲ့ ႐ုရွားနိုင္ငံသား ခါဘစ္ (UFC)၊ မူဆာဆီ (Bellator)၊

အူစမန္ (UFC)၊ အာေဒးဆန္ညာ (UFC)တုိ႔ပါဝင္ခဲ့ရာ၊ ေအာင္လအန္ဆန္က ၎တုိ႔ကိုေက်ာ္ျဖတ္ၿပီး ဒီဆုႀကီးကို ဆြတ္ခူးႏုိင္ခဲ့တာလည္း ျဖစ္ပါတယ္။ ဒီလုိ နာမည္ေက်ာ္တဲ့ဆုႀကီးတစ္ခု ရရွိျခင္းဟာ နုိင္ငံအတြက္သာမက ေအာင္လအန္ဆန္အတြက္ပါ အထူးဂုဏ္ယူဖြယ္ရာ ျဖစ္ပါတယ္။

ေအာင္လဟာ MMA ရဲ႕ နာမည္ေက်ာ္ၿပိဳင္ပြဲေတြျဖစ္တဲ့ ONE Championship ရဲ့ Middleweight နဲ့ Light Heavyweight ႏွစ္ခုစလုံးမွာ ေရႊခါးပတ္ေတြ ရယူထားႏုိင္သူျဖစ္ၿပီး၊ ဒီလုိ ရယူထားႏုိင္မႈဟာ MMA သမုိင္းမွာေတာ့ ပထမဆုံး စံခ်ိန္တင္လည္း ျဖစ္ပါတယ္။

I’m blessed to be Fighters Only International Fighter of the Year. I want to thank my wife and my family for their love and support. I want to thank my trainers, Henri, Greg, Kami and Dr. Peacock and my team at HardKnock 365 for pushing me and inspiring me. You guys are what made this possible. I want to thank One Championship for providing me the platform to do what I love. And last but not least I want to thank the fans and the 60 Million Burmese fans who voted for me and made this a reality. I am from a small village in Myanmar and came to the US for college and started fighting MMA in 2005 and after 14 years of many heart breaks, me standing in front of you tonight is a testament that dreams do come true. Thank you!

Dikirim oleh Aung La Nsang(Burmese Python) pada Rabu, 03 Juli 2019

သူဟာ အခုဆုေပးပြဲမွာ Fighter Of The Year ဆုအတြက္ပါ စံကာတင္ပါခဲ့ေပမယ့္ ေကာ္မီယာ (UFC)က ဒီဆုကို သိမ္းပိုက္ခဲ့တာေၾကာင့္၊ ေအာင္လအေနနဲ႔ International Fighter of the Year ဆုနဲ႔သာ ေက်နပ္ခဲ့ရတာ ျဖစ္ပါတယ္။ ဆုအေသးစိတ္မွာ-

Fighter of the Year

Khabib Nurmagomedov
Gegard Mousasi
Dustin Poirier
Daniel Cormier (winner)
Aung La Nsang

International Fighter of the Year

Khabib Nurmagomedov
Kamaru Usman
Israel Adesanya
Gegard Mousasi
Aung La Nsang (winner)

Female Fighter of the Year

Valentina Shevchenko
Tatiana Suarez
Jessica Andrade
Ilima-Lei Macfarlane
Amanda Nunes (winner)

လင္းေဇာ္ကို (D Khit Media)

source : MMA Fighting

ယူနီကုဒ်ဖြင့် ဖတ်ရန်-

မြန်မာ့ဂုဏ်ဆောင် အောင်လအန်ဆန်ကတော့ ကမ္ဘာကျော် UFC ဖိုက်တာတစ်ဦးဖြစ်တဲ့ ရုရှားနိုင်ငံသား ခါဘစ်ကို ကျော်ဖြတ်ပြီး၊ International Fighter of the Year ဆုကို ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီဆုကို Fighter Only မဂ္ဂဇင်းက ရွေးချယ်ချီးမြင့်တာဖြစ်ပြီး-

အမေရိကန်နိုင်ငံ၊ လက်စ်ဗီးဂက်စ်မြို့မှာ ဒီဆုချီးမြင့်ခြင်းအခမ်းအနားကို ကျင်းပခဲ့တာပါ။ International Fighter of the Year ဆုအတွက် စံကာတင်စာရင်းမှာ နာမည်ကျော် ဖို်က်တာတွေဖြစ်တဲ့ ရုရှားနိုင်ငံသား ခါဘစ် (UFC)၊ မူဆာဆီ (Bellator)၊

အူစမန် (UFC)၊ အာဒေးဆန်ညာ (UFC)တို့ပါဝင်ခဲ့ရာ၊ အောင်လအန်ဆန်က ၎င်းတို့ကိုကျော်ဖြတ်ပြီး ဒီဆုကြီးကို ဆွတ်ခူးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီလို နာမည်ကျော်တဲ့ဆုကြီးတစ်ခု ရရှိခြင်းဟာ နိုင်ငံအတွက်သာမက အောင်လအန်ဆန်အတွက်ပါ အထူးဂုဏ်ယူဖွယ်ရာ ဖြစ်ပါတယ်။

အောင်လဟာ MMA ရဲ့ နာမည်ကျော်ပြိုင်ပွဲတွေဖြစ်တဲ့ ONE Championship ရဲ့ Middleweight နဲ့ Light Heavyweight နှစ်ခုစလုံးမှာ ရွှေခါးပတ်တွေ ရယူထားနိုင်သူဖြစ်ပြီး၊ ဒီလို ရယူထားနိုင်မှုဟာ MMA သမိုင်းမှာတော့ ပထမဆုံး စံချိန်တင်လည်း ဖြစ်ပါတယ်။

သူဟာ အခုဆုပေးပွဲမှာ Fighter Of The Year ဆုအတွက်ပါ စံကာတင်ပါခဲ့ပေမယ့် ကော်မီယာ (UFC)က ဒီဆုကို သိမ်းပိုက်ခဲ့တာကြောင့်၊ အောင်လအနေနဲ့ International Fighter of the Year ဆုနဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ ဆုအသေးစိတ်မှာ-

Fighter of the Year

Khabib Nurmagomedov
Gegard Mousasi
Dustin Poirier
Daniel Cormier (winner)
Aung La Nsang

International Fighter of the Year

Khabib Nurmagomedov
Kamaru Usman
Israel Adesanya
Gegard Mousasi
Aung La Nsang (winner)

Female Fighter of the Year

Valentina Shevchenko
Tatiana Suarez
Jessica Andrade
Ilima-Lei Macfarlane
Amanda Nunes (winner)

လင်းဇော်ကို (D Khit Media)

source : MMA Fighting