(၂၃၂)ေပါင္အေလးခ်ိန္ရွိ ဧရာမငါးၾကင္းႀကီးကို မိနစ္(၈၀)ၾကာ ဖမ္းယူဖုိ႔ ႀကိဳးစားခဲ့ရ

104

Carp ဆုိတဲ့ အဂၤလိပ္စကားလုံးကို ငါးၾကင္းငါးသုိင္း မ်ိဳးစိတ္ငါးလုိ႔ အဘိဓာန္ေဖာ္ျပထားပါတယ္။ ဒီငါးႀကီးကေတာ့ အျမင္အရဆုိရင္ ငါးၾကင္းလုိ႔ ယူဆရၿပီး၊ အေလးခ်ိန္အားျဖင့္ (၁၆.၅)စတုံ သုိ႔မဟုတ္ (၂၃၂)ေပါင္ အေလးခ်ိန္ရွိပါတယ္။ ပိႆာအားျဖင့္ဆုိရင္ေတာ့ (၆၅)ပိႆာနီးနီး ရွိပါလိမ့္မယ္။

ဒီငါၾကင္းႀကီးကို အသက္(၄၂)ႏွစ္အရြယ္၊ John ­Harvey က ဖမ္းယူခဲ့တာျဖစ္ၿပီး၊ ထုိင္းႏုိင္ငံက ေရခ်ိဳကန္ႀကီးတစ္ခုမွာ ဖမ္းဆီးႏုိင္ခဲ့တာပါ။ John ဟာ အဲဒီေရကန္နားမွာ ေနထိုင္တာ (၁၄)ႏွစ္ေတာင္ ရွိေနပါၿပီတဲ့။ သူဟာ ငါးႀကီးကို ရဖုိ႔ မိနစ္(၈၀)ေလာက္ ႀကိဳးစားခဲ့ရပါတယ္။

ဒီဖမ္းဆီးမႈဟာ ကမာၻ႕စံခ်ိန္တင္ႏုိင္ခဲ့တာျဖစ္ၿပီး၊ သူ႕အရင္က စံခ်ိန္တင္ထားသူ ဖမ္းမိတဲ့ ငါးၾကင္းႀကီးက (၂၃၁)ေပါင္ျဖစ္လုိ႔၊ (၁)ေပါင္ေက်ာ္ေက်ာ္ေလာက္ကေလး အေလးခ်ိန္နဲ႔ စံခ်ိန္ကို ခ်ိဳးႏုိင္ခဲ့တာလုိ႔ သိရပါတယ္။ John ဟာ ဒီမွာ ငါးမွ်ားဝါသနာပါလြန္းလုိ႔ ေျပာင္းေရႊ႕ေနထုိင္ေနသူျဖစ္ပါတယ္။

ဒီငါးႀကီးကို ဖမ္းမိခဲ့တာကေတာ့ Chedi Hak မွာတည္ရွိတဲ့ Palm Tree Lagoon ေရကန္မွာျဖစ္ပါတယ္။ ငါးႀကီးကိုမဖုိ႔အတြက္ သူငယ္ခ်င္းႏွစ္ေယာက္ရဲ႕ အကူအညီကို ယူခဲ့ရပါတယ္။ အခုဖမ္းမိတဲ့ငါးဟာ Siamese carp အမ်ိဳးအစားျဖစ္ၿပီး-

ငါးၾကင္းငါးသုိင္းမ်ိဳးစိတ္ထဲမွာေတာ့ အႀကီးဆုံးနဲ႔ အေလးခ်ိန္အႀကီးအဆုံး၊ သက္တမ္းရွည္ရွည္ အေနႏုိင္ဆုံး ငါးမ်ိဳးစိတ္လုိ႔ သိရပါတယ္။ သာမန္ငါးၾကင္းေတြနဲ႔ မတူဘဲ၊ အေလးခ်ိန္ ေပါင္ (၂၀၀)ေလာက္အထိ ပ်မ္းမွ်အားျဖင့္ ရွိတတ္ေၾကာင္း သိရပါတယ္။

လင္းေဇာ္ကို (D Khit Media)

Source : Mirror

ယူနီကုဒ်ဖြင့် ဖတ်ရန်-

Carp ဆိုတဲ့ အင်္ဂလိပ်စကားလုံးကို ငါးကြင်းငါးသိုင်း မျိုးစိတ်ငါးလို့ အဘိဓာန်ဖော်ပြထားပါတယ်။ ဒီငါးကြီးကတော့ အမြင်အရဆိုရင် ငါးကြင်းလို့ ယူဆရပြီး၊ အလေးချိန်အားဖြင့် (၁၆.၅)စတုံ သို့မဟုတ် (၂၃၂)ပေါင် အလေးချိန်ရှိပါတယ်။ ပိဿာအားဖြင့်ဆိုရင်တော့ (၆၅)ပိဿာနီးနီး ရှိပါလိမ့်မယ်။

ဒီငါကြင်းကြီးကို အသက်(၄၂)နှစ်အရွယ်၊ John ­Harvey က ဖမ်းယူခဲ့တာဖြစ်ပြီး၊ ထိုင်းနိုင်ငံက ရေချိုကန်ကြီးတစ်ခုမှာ ဖမ်းဆီးနိုင်ခဲ့တာပါ။ John ဟာ အဲဒီရေကန်နားမှာ နေထိုင်တာ (၁၄)နှစ်တောင် ရှိနေပါပြီတဲ့။ သူဟာ ငါးကြီးကို ရဖို့ မိနစ်(၈၀)လောက် ကြိုးစားခဲ့ရပါတယ်။

ဒီဖမ်းဆီးမှုဟာ ကမ္ဘာ့စံချိန်တင်နိုင်ခဲ့တာဖြစ်ပြီး၊ သူ့အရင်က စံချိန်တင်ထားသူ ဖမ်းမိတဲ့ ငါးကြင်းကြီးက (၂၃၁)ပေါင်ဖြစ်လို့၊ (၁)ပေါင်ကျော်ကျော်လောက်ကလေး အလေးချိန်နဲ့ စံချိန်ကို ချိုးနိုင်ခဲ့တာလို့ သိရပါတယ်။ John ဟာ ဒီမှာ ငါးမျှားဝါသနာပါလွန်းလို့ ပြောင်းရွှေ့နေထိုင်နေသူဖြစ်ပါတယ်။

ဒီငါးကြီးကို ဖမ်းမိခဲ့တာကတော့ Chedi Hak မှာတည်ရှိတဲ့ Palm Tree Lagoon ရေကန်မှာဖြစ်ပါတယ်။ ငါးကြီးကိုမဖို့အတွက် သူငယ်ချင်းနှစ်ယောက်ရဲ့ အကူအညီကို ယူခဲ့ရပါတယ်။ အခုဖမ်းမိတဲ့ငါးဟာ Siamese carp အမျိုးအစားဖြစ်ပြီး-

ငါးကြင်းငါးသိုင်းမျိုးစိတ်ထဲမှာတော့ အကြီးဆုံးနဲ့ အလေးချိန်အကြီးအဆုံး၊ သက်တမ်းရှည်ရှည် အနေနိုင်ဆုံး ငါးမျိုးစိတ်လို့ သိရပါတယ်။ သာမန်ငါးကြင်းတွေနဲ့ မတူဘဲ၊ အလေးချိန် ပေါင် (၂၀၀)လောက်အထိ ပျမ်းမျှအားဖြင့် ရှိတတ်ကြောင်း သိရပါတယ်။

လင်းဇော်ကို (D Khit Media)

Source : Mirror