အသက္မျပည့္ေသးတဲ့ ေက်ာင္းသားနဲ႔ လြန္က်ဴးခဲ့လုိ႔ အဖမ္းခံလုိက္ရတဲ့ သင္းအုပ္ဆရာရဲ႕ဇနီး

85

အေမရိကန္ သင္းအုပ္ဆရာရဲ႕ဇနီးတစ္ဦးဟာ အသက္မျပည့္ေသးတဲ့ ေက်ာင္းသားနဲ႔ လြန္က်ဴးခဲ့လုိ႔ အခုဆုိရင္ ရဲက ဖမ္းဆီးျခင္း ခံထားရၿပီ ျဖစ္ပါတယ္။ အဆုိပါ အမ်ိဳးသမီးဟာ ခင္ပြန္းသည္ဦးစီးတဲ့ မူႀကိဳေက်ာင္းမွာ ဆရာမအျဖစ္ တာဝန္ထမ္းေဆာင္ေနသူလည္း ျဖစ္ပါတယ္။

ျပစ္မႈက်ဴးလြန္သူအမည္မွာ Shannon Griffin ျဖစ္ၿပီး၊ အသက္ (၄၉)ႏွစ္ပါ။ သူမဟာ Burbank မွာတည္ရွိတဲ့ ခရစ္ယာန္ကိုယ္ပိုင္ေက်ာင္းတစ္ခုျဖစ္တဲ့ Jordan Baptist School မွာ ဆရာမအျဖစ္ လုပ္ကိုင္ခဲ့ၿပီး၊ အဲဒီေက်ာင္းကို ဦးစီးသူကေတာ့ သူမရဲ႕ခင္ပြန္း Thomas Griffin ျဖစ္ပါတယ္။

Thomas Griffin ဟာ အဲဒီေက်ာင္းမွာ Pastor ျဖစ္ပါတယ္။ Griffin ဟာ အသက္(၁၅)ႏွစ္သာရွိေသးတဲ့ ေက်ာင္းသားေလးကို လိင္ပိုင္းဆုိင္ရာ ေစာ္ကားခဲ့ပါတယ္။ သူမဟာ (၆)ႏွစ္အတြင္း ညစ္ညမ္းဓာတ္ပုံေတြကို အဲဒီေက်ာင္းသားဆီ ပုိ႔ေပးခဲ့သလုိ၊ အျခား (၁၇)ႏွစ္အရြယ္ ေက်ာင္းသားဆီကုိလည္း ပုိ႔ခဲ့ပါတယ္။

Griffin ကုိ ၿပီးခဲ့တဲ့တနလၤာေန႔ ဇူလုိင္(၁)ရက္ေန႔က ဖမ္းဆီးခဲ့တာပါ။ ေလာေလာဆယ္ေတာ့ သူမကုိ လိင္ပုိင္းဆုိင္ရာအလြဲသုံးစားလုပ္မႈ၊ ကေလးသူငယ္ ညစ္ညမ္းေခြ လက္ဝယ္ထားရွိမႈ၊ ျဖန္႔ေဝမႈစတဲ့အမႈမ်ားစြာနဲ႔ ဖမ္းဆီးစစ္ေဆးေနပါတယ္။ ခင္ပြန္းကေတာ့ ဒီအတြက္ မွတ္ခ်က္မေပးေသးပါဘူး။

ေနသူရိန္ ( D Khit Media)

source : Daily Mail

ယူနီကုဒ်ဖြင့် ဖတ်ရန်-

အမေရိကန် သင်းအုပ်ဆရာရဲ့ဇနီးတစ်ဦးဟာ အသက်မပြည့်သေးတဲ့ ကျောင်းသားနဲ့ လွန်ကျူးခဲ့လို့ အခုဆိုရင် ရဲက ဖမ်းဆီးခြင်း ခံထားရပြီ ဖြစ်ပါတယ်။ အဆိုပါ အမျိုးသမီးဟာ ခင်ပွန်းသည်ဦးစီးတဲ့ မူကြိုကျောင်းမှာ ဆရာမအဖြစ် တာဝန်ထမ်းဆောင်နေသူလည်း ဖြစ်ပါတယ်။

ပြစ်မှုကျူးလွန်သူအမည်မှာ Shannon Griffin ဖြစ်ပြီး၊ အသက် (၄၉)နှစ်ပါ။ သူမဟာ Burbank မှာတည်ရှိတဲ့ ခရစ်ယာန်ကိုယ်ပိုင်ကျောင်းတစ်ခုဖြစ်တဲ့ Jordan Baptist School မှာ ဆရာမအဖြစ် လုပ်ကိုင်ခဲ့ပြီး၊ အဲဒီကျောင်းကို ဦးစီးသူကတော့ သူမရဲ့ခင်ပွန်း Thomas Griffin ဖြစ်ပါတယ်။

Thomas Griffin ဟာ အဲဒီကျောင်းမှာ Pastor ဖြစ်ပါတယ်။ Griffin ဟာ အသက်(၁၅)နှစ်သာရှိသေးတဲ့ ကျောင်းသားလေးကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပါတယ်။ သူမဟာ (၆)ႏွစ္အတြင္း ညစ်ညမ်းဓာတ်ပုံတွေကို အဲဒီကျောင်းသားဆီ ပို့ပေးခဲ့သလို၊ အခြား (၁၇)နှစ်အရွယ် ကျောင်းသားဆီကိုလည်း ပို့ခဲ့ပါတယ်။

Griffin ကို ပြီးခဲ့တဲ့တနင်္လာနေ့ ဇူလိုင်(၁)ရက်နေ့က ဖမ်းဆီးခဲ့တာပါ။ လောလောဆယ်တော့ သူမကို လိင်ပိုင်းဆိုင်ရာအလွဲသုံးစားလုပ်မှု၊ ကလေးသူငယ် ညစ်ညမ်းခွေ လက်ဝယ်ထားရှိမှု၊ ဖြန့်ဝေမှုစတဲ့အမှုများစွာနဲ့ ဖမ်းဆီးစစ်ဆေးနေပါတယ်။ ခင်ပွန်းကတော့ ဒီအတွက် မှတ်ချက်မပေးသေးပါဘူး။

နေသူရိန် ( D Khit Media)

source : Daily Mail