လိင္ကၽြန္အျဖစ္ (၇)ႏွစ္ေနခဲ့ရၿပီး၊ လူေသအေခါင္းထဲမွာ ထည့္ပိတ္ခံခဲ့ရတဲ့ ေကာင္မေလး

467

အမ်ိဳးသမီးငယ္တစ္ဦးဟာ အသက္(၂၀)အရြယ္မွာ ျပန္ေပးဆြဲခံခဲ့ရၿပီး၊ ျပန္ေပးသမားရဲ႕လိင္ကၽြန္အျဖစ္ (၇)ႏွစ္ၾကာ ေနထိုင္ခဲ့ရပါတယ္။ သူမဟာ အိပ္ခ်ိန္ဆုိရင္ လူေသေခါင္းတလားထဲကုိ ထည့္ပိတ္ခံရၿပီး၊ ျပန္ေပးသမားက သူ အလုိရွိခ်ိန္နဲ႔ အစာစားခ်ိန္မွာသာ အျပင္ကိုထုတ္တာပါ။

သူမရဲ႕နာမည္ကေတာ့ Colleen Stan  ျဖစ္ၿပီး၊ သူမရဲ႕သူငယ္ခ်င္း ေမြးေန႔ကို သြားဖုိ႔အိမ္က ထြက္လာစဥ္ ျပန္ေပးဆြဲခံရတာပါ။ Colleen ကို ျပန္ေပးသမားက ကားႀကဳံလုိက္ခဲ့ဖုိ႔ ေခၚပါတယ္။ ကားထဲမွာ သူ႕မိန္းမနဲ႔ လသားအရြယ္ ကေလးလည္း ပါပါတယ္။



အဲဒီတုန္းက Colleen ဟာ လမ္းေလွ်ာက္သြားစရာ မလုိေတာ့ဘူးလုိ႔ ကံေကာင္းတယ္ ထင္မွတ္ခဲ့ပါတယ္။ ဒါေပမယ့္ သူမရဲ႕ဘဝ ကံဆုိးမုိးေမွာင္က်တဲ့ေန႔ပါ။ ျပန္ေပးသမား မိသားစုဟာ သူမကို အိမ္ျပန္မပုိ႔ေတာ့ဘဲ၊ ခင္ပြန္းသည္ အဓမၼက်င့္ခ်ိန္ဆုိ ဇနီးက ေဘးကေန ဝုိင္းကူပါတဲ့။

The Girl In The Box ဇာတ္ကား

Colleen ဟာ သူမရဲ႕ ကယ္လီဖိုးနီယား၊ Red Bluff မွာရွိတဲ့ေနအိမ္ကေန မုိင္(၃၀၀)အကြာထိ ေခၚသြားခံခဲ့ရတာပါ။ ျပန္ေပးသမားကေတာ့ Cameron Hooker (၂၃)ႏွစ္နဲ႔ ဇနီးျဖစ္သူ Janice ျဖစ္ပါတယ္။ Hooker ဟာ အိမ္ေရာက္တာနဲ႔ သူမကို ထုိးႀကိတ္ကန္ေက်ာက္ၿပီး၊ လွ်ပ္စပ္နဲ႔ ေရွာ့တုိက္တာမ်ိဳးလည္း လုပ္ခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာ ေတြ႕ရတဲ့ Colleen

ေနာက္ ကၽြန္အျဖစ္ အလုပ္လုပ္ပါ့မယ္ဆုိၿပီး စာခ်ဳပ္မွာလည္း လက္မွတ္ထုိးခဲ့ရပါတယ္။ Colleen ဟာ (၁၉၇၇)ခုႏွစ္မွာ ျပန္ေပးဆြဲခံခဲ့ရတာမုိ႔ အခုဆုိရင္ သူမက (၆၂)ႏွစ္ ရွိေနပါၿပီ၊ ေန႔တုိင္း Colleen က မယုတ္မာတဲ့ေန႔ရယ္လုိ႔ မရွိခဲ့ပါဘူးတဲ့။

Colleen when she was 20 (အသက္ ၂၀ အခ်ိန္တုန္းက)

အစာေကၽြးၿပီးၿပီဆုိရင္ လူေသအေခါင္းထဲထည့္ၿပီး၊ သူခုတင္ေအာက္ကို ထုိးသြင္းလုိက္တာပါတဲ့။ သူမအေၾကာင္းကို  The Girl In The Box  အမည္ရ ဇာတ္ကားနဲ႔ ႐ုပ္ရွင္႐ုိက္ကူးခဲ့ပါတယ္။ Colleen ဟာ လေတာ္ေတာ္ၾကာလာေတာ့မွ သူမကို အျပင္ထြက္ခြင့္ေပးတာပါ။

ညပါတီေတြ အတူထြက္ၾကစဥ္

ေနာက္ Colleen ဟာ Hooker ေခၚတဲ့ပြဲေတြအထိေတာင္ လုိက္ခဲ့ရၿပီး၊ တျဖည္းျဖည္း ယုံၾကည္ျခင္း ခံလာရပါတယ္။ ပြဲေတြမွာ သူမက Hooker ရဲ႕ရည္းစားအျဖစ္ မိတ္ဆက္ခံရပါတယ္။ ေနာက္မွ သိလုိက္ရတာက ဇနီးျဖစ္တဲ့ Janice ကုိယ္တုိင္က သူမနဲ႔အျဖစ္ခ်င္းဆင္တူေနတာကို Colleen တစ္ေယာက္ သိလုိက္ရတာပါ။

ဒီလုိ ေနခဲ့ရတယ္

Janice ဟာ အသက္(၁၅)ႏွစ္ကတည္းက Colleen ရဲ႕ ျပန္ေပးဆြဲမႈကို ခံခဲ့ရၿပီး၊ ယုတ္မာမႈေတြကေန ႐ုန္းမထြက္ႏုိင္ခဲ့သူပါ။ ေနာက္ဆုံးေတာ့ သူမဟာ Colleen ကုိ သူမကုိယ္တုိင္ ဘက္စ္ကားဂိတ္ထိ လုိက္ပုိ႔ေပးခဲ့ၿပီး၊ ကယ္ဆယ္ေပးခဲ့ပါတယ္။ လူယုတ္မာ Hooker ကေတာ့ ေထာင္ဒဏ္ (၁၀၆)ႏွစ္အထိ ခ်မွတ္ခံခဲ့ရတဲ့ ျဖစ္ရပ္မွန္ပါ။

လင္းေဇာ္ကုိ (D Khit Media)

source : The Sun

ယူနီကုဒ်ဖြင့် ဖတ်ရန်-

အမျိုးသမီးငယ်တစ်ဦးဟာ အသက်(၂၀)အရွယ်မှာ ပြန်ပေးဆွဲခံခဲ့ရပြီး၊ ပြန်ပေးသမားရဲ့လိင်ကျွန်အဖြစ် (၇)နှစ်ကြာ နေထိုင်ခဲ့ရပါတယ်။ သူမဟာ အိပ်ချိန်ဆိုရင် လူသေခေါင်းတလားထဲကို ထည့်ပိတ်ခံရပြီး၊ ပြန်ပေးသမားက သူ အလိုရှိချိန်နဲ့ အစာစားချိန်မှာသာ အပြင်ကိုထုတ်တာပါ။

ေထာင္ဒဏ္ (၁၀၆)ႏွစ္ စီရင္ခ်က္ ခ်ၿပီး

သူမရဲ့နာမည်ကတော့ Colleen Stan  ဖြစ်ပြီး၊ သူမရဲ့သူငယ်ချင်း မွေးနေ့ကို သွားဖို့အိမ်က ထွက်လာစဉ် ပြန်ပေးဆွဲခံရတာပါ။ Colleen ကို ပြန်ပေးသမားက ကားကြုံလိုက်ခဲ့ဖို့ ခေါ်ပါတယ်။ ကားထဲမှာ သူ့မိန်းမနဲ့ လသားအရွယ် ကလေးလည်း ပါပါတယ်။

အဲဒီတုန်းက Colleen ဟာ လမ်းလျှောက်သွားစရာ မလိုတော့ဘူးလို့ ကံကောင်းတယ် ထင်မှတ်ခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့ဘဝ ကံဆိုးမိုးမှောင်ကျတဲ့နေ့ပါ။ ပြန်ပေးသမား မိသားစုဟာ သူမကို အိမ်ပြန်မပို့တော့ဘဲ၊ ခင်ပွန်းသည် အဓမ္မကျင့်ချိန်ဆို ဇနီးက ဘေးကနေ ဝိုင်းကူပါတဲ့။

Colleen ဟာ သူမရဲ့ ကယ်လီဖိုးနီယား၊ Red Bluff မှာရှိတဲ့နေအိမ်ကနေ မိုင်(၃၀၀)အကွာထိ ခေါ်သွားခံခဲ့ရတာပါ။ ပြန်ပေးသမားကတော့ Cameron Hooker (၂၃)နှစ်နဲ့ ဇနီးဖြစ်သူ Janice ဖြစ်ပါတယ်။ Hooker ဟာ အိမ်ရောက်တာနဲ့ သူမကို ထိုးကြိတ်ကန်ကျောက်ပြီး၊ လျှပ်စပ်နဲ့ ရှော့တိုက်တာမျိုးလည်း လုပ်ခဲ့ပါတယ်။

နောက် ကျွန်အဖြစ် အလုပ်လုပ်ပါ့မယ်ဆိုပြီး စာချုပ်မှာလည်း လက်မှတ်ထိုးခဲ့ရပါတယ်။ Colleen ဟာ (၁၉၇၇)ခုနှစ်မှာ ပြန်ပေးဆွဲခံခဲ့ရတာမို့ အခုဆိုရင် သူမက (၆၂)နှစ် ရှိနေပါပြီ၊ နေ့တိုင်း Colleen က မယုတ်မာတဲ့နေ့ရယ်လို့ မရှိခဲ့ပါဘူးတဲ့။

အစာကျွေးပြီးပြီဆိုရင် လူသေအခေါင်းထဲထည့်ပြီး၊ သူခုတင်အောက်ကို ထိုးသွင်းလိုက်တာပါတဲ့။ သူမအကြောင်းကို  The Girl In The Box  အမည်ရ ဇာတ်ကားနဲ့ ရုပ်ရှင်ရိုက်ကူးခဲ့ပါတယ်။ Colleen ဟာ လတော်တော်ကြာလာတော့မှ သူမကို အပြင်ထွက်ခွင့်ပေးတာပါ။

နောက် Colleen ဟာ Hooker ခေါ်တဲ့ပွဲတွေအထိတောင် လိုက်ခဲ့ရပြီး၊ တဖြည်းဖြည်း ယုံကြည်ခြင်း ခံလာရပါတယ်။ ပွဲတွေမှာ သူမက Hooker ရဲ့ရည်းစားအဖြစ် မိတ်ဆက်ခံရပါတယ်။ နောက်မှ သိလိုက်ရတာက ဇနီးဖြစ်တဲ့ Janice ကိုယ်တိုင်က သူမနဲ့အဖြစ်ချင်းဆင်တူနေတာကို Colleen တစ်ယောက် သိလိုက်ရတာပါ။

Janice ဟာ အသက်(၁၅)နှစ်ကတည်းက Colleen ရဲ့ ပြန်ပေးဆွဲမှုကို ခံခဲ့ရပြီး၊ ယုတ်မာမှုတွေကနေ ရုန်းမထွက်နိုင်ခဲ့သူပါ။ နောက်ဆုံးတော့ သူမဟာ Colleen ကို သူမကိုယ်တိုင် ဘက်စ်ကားဂိတ်ထိ လိုက်ပို့ပေးခဲ့ပြီး၊ ကယ်ဆယ်ပေးခဲ့ပါတယ်။ လူယုတ်မာ Hooker ကတော့ ထောင်ဒဏ် (၁၀၆)နှစ်အထိ ချမှတ်ခံခဲ့ရတဲ့ ဖြစ်ရပ်မှန်ပါ။

လင်းဇော်ကို (D Khit Media)

source : The Sun