ဇနီးနဲ႔သမီးခံစားေနရတဲ့ ေရာဂါေတြ ဦးစားေပးကုႏုိင္ဖုိ႔၊ သူရဲ႕ကင္ဆာကုသမႈကို ရပ္လုိက္တဲ့ဖခင္

178

လင္မယားႏွစ္ဦးစလုံး ကင္ဆာေရာဂါခံစားေနရတဲ့ တ႐ုတ္မိသားစုတစ္စုမွာ အိမ္ေထာင္ဦးစီးျဖစ္သူက သူရဲ႕ကင္ဆာကုသမႈကို ရပ္ဆုိင္းလုိက္ၿပီး၊ ဇနီးနဲ႔သမီးျဖစ္သူတုိ႔ အသက္ပုိရွည္ႏုိင္ေရးကို ဦးစားေပးလုိက္ပါၿပီ။ အထူးသျဖင့္ေတာ့ ေငြကုန္ေၾကးက် အလြန္မ်ားေနလုိ႔-

သူေသလည္း ေသပါေစေတာ့ ဇနီးနဲ႔သမီးသာ လူ႕ဘဝမွာ ရသေလာက္ အသက္ဆက္ရွင္က်န္ပါေစလုိ႔ စိတ္ကူးၿပီး သူ႕ရဲ႕ကင္ဆာကုသမႈကို ရပ္ဆုိင္းလုိက္တာပါ။ ဖခင္ရဲ႕အမည္ကေတာ့ Ke Meinan ျဖစ္ၿပီး အသက္(၄၂)ႏွစ္သာ ရွိပါေသးတယ္။

သူတုိ႔ မိသားစုဟာ Jiangsu စီရင္စုမွာေနထိုင္ၾကၿပီး၊ ဇနီးျဖစ္သူ Wang Huaying (၄၆)ႏွစ္က ရင္သားကင္ဆာ၊ Ke က အစာအိမ္ကင္ဆာ၊ သူတုိ႔ရဲ႕ (၁၆)ႏွစ္သမီးေလးက Systemic lupus erythematosus (SLE) လုိ႔ေခၚတဲ့ နာတာရွည္ေရာဂါကို ခံစားေနရပါတယ္။

SLE ေရာဂါကို အလြယ္ျမင္ေအာင္ေျပာရရင္ ခႏၶာကိုယ္ကိုယ္ခံစြမ္းအားစနစ္က မွားယြင္းစြာနဲ႔ က်န္မားတဲ့တစ္႐ွဴးေတြကို တုိက္ခုိက္ေနတဲ့သေဘာျဖစ္ပါတယ္။ အဲဒီေရာဂါအတြက္ ယြမ္ (၁၈၀၀၀၀) ကုန္က်ၿပီးပါၿပီ။ ျမန္မာေငြနဲ႔ဆုိရင္ သိန္း(၄၀၀)ေလာက္ပါ။

Wang က ခင္ပြန္းသည္ရဲ႕ ဆုံးျဖတ္ေၾကာင့္ အလြန္ဝမ္းနည္းပူေဆြး ငုိေၾကြးခဲ့ရပါတယ္။ Ke က ” အနည္းဆုံးေတာ့ ဒီေလာကထဲမွာ မင္းက်န္ရစ္ေနမွာပဲ … ဒါမွ သမီးကို ေစာင့္ေရွာက္ႏုိင္မွာေပါ့”လုိ႔ ႏွစ္သိမ့္ရွာပါတယ္။ Ke ဟာ ကင္ဆာခံစားေနရေပမယ့္ စက္႐ုံနဲ႔ေဆာက္လုပ္ေရးအလုပ္ေတြ လုပ္ေနတုန္းပါ။

တစ္လကုိ ေဒၚလာ(၃၀၀)ေလာက္ ဝင္ပါတယ္။ သမီးက အေရးပုိႀကီးၿပီး တစ္ေန႔ကို ေဆးဖုိး ေဒၚလာ (၁၄၅၀) ကုန္ေနပါတယ္။ ဒါေပမယ့္ စာနာေထာက္ထားတဲ့ျပည္သူေတြက ဝုိင္းလွဴၾကလုိ႔ ေျခာက္နာရီအတြင္းမွာပဲ ေဒၚလာ (၁၃၀၇၉၀) ရထားပါတယ္။ ဒါေပမယ့္ ဒီပမာဏက သမီးအတြက္ ေဆးဖုိ႔ သုံးလစာသာ ရွိပါတယ္။

ေနသူရိန္ (D Khit Media)

source : Next Shark

ယူနီကုဒ်ဖြင့် ဖတ်ရန်-

လင်မယားနှစ်ဦးစလုံး ကင်ဆာရောဂါခံစားနေရတဲ့ တရုတ်မိသားစုတစ်စုမှာ အိမ်ထောင်ဦးစီးဖြစ်သူက သူရဲ့ကင်ဆာကုသမှုကို ရပ်ဆိုင်းလိုက်ပြီး၊ ဇနီးနဲ့သမီးဖြစ်သူတို့ အသက်ပိုရှည်နိုင်ရေးကို ဦးစားပေးလိုက်ပါပြီ။ အထူးသဖြင့်တော့ ငွေကုန်ကြေးကျ အလွန်များနေလို့-

သူသေလည်း သေပါစေတော့ ဇနီးနဲ့သမီးသာ လူ့ဘဝမှာ ရသလောက် အသက်ဆက်ရှင်ကျန်ပါစေလို့ စိတ်ကူးပြီး သူ့ရဲ့ကင်ဆာကုသမှုကို ရပ်ဆိုင်းလိုက်တာပါ။ ဖခင်ရဲ့အမည်ကတော့ Ke Meinan ဖြစ်ပြီး အသက်(၄၂)နှစ်သာ ရှိပါသေးတယ်။

သူတို့ မိသားစုဟာ Jiangsu စီရင်စုမှာနေထိုင်ကြပြီး၊ ဇနီးဖြစ်သူ Wang Huaying (၄၆)နှစ်က ရင်သားကင်ဆာ၊ Ke က အစာအိမ်ကင်ဆာ၊ သူတို့ရဲ့ (၁၆)နှစ်သမီးလေးက Systemic lupus erythematosus (SLE) လို့ခေါ်တဲ့ နာတာရှည်ရောဂါကို ခံစားနေရပါတယ်။

SLE ရောဂါကို အလွယ်မြင်အောင်ပြောရရင် ခန္ဓာကိုယ်ကိုယ်ခံစွမ်းအားစနစ်က မှားယွင်းစွာနဲ့ ကျန်မားတဲ့တစ်ရှူးတွေကို တိုက်ခိုက်နေတဲ့သဘောဖြစ်ပါတယ်။ အဲဒီရောဂါအတွက် ယွမ် (၁၈၀၀၀၀) ကုန်ကျပြီးပါပြီ။ မြန်မာငွေနဲ့ဆိုရင် သိန်း(၄၀၀)လောက်ပါ။

Wang က ခင်ပွန်းသည်ရဲ့ ဆုံးဖြတ်ကြောင့် အလွန်ဝမ်းနည်းပူဆွေး ငိုကြွေးခဲ့ရပါတယ်။ Ke က ” အနည်းဆုံးတော့ ဒီလောကထဲမှာ မင်းကျန်ရစ်နေမှာပဲ … ဒါမှ သမီးကို စောင့်ရှောက်နိုင်မှာပေါ့”လို့ နှစ်သိမ့်ရှာပါတယ်။ Ke ဟာ ကင်ဆာခံစားနေရပေမယ့် စက်ရုံနဲ့ဆောက်လုပ်ရေးအလုပ်တွေ လုပ်နေတုန်းပါ။

တစ်လကို ဒေါ်လာ(၃၀၀)လောက် ဝင်ပါတယ်။ သမီးက အရေးပိုကြီးပြီး တစ်နေ့ကို ဆေးဖိုး ဒေါ်လာ (၁၄၅၀) ကုန်နေပါတယ်။ ဒါပေမယ့် စာနာထောက်ထားတဲ့ပြည်သူတွေက ဝိုင်းလှူကြလို့ ခြောက်နာရီအတွင်းမှာပဲ ဒေါ်လာ (၁၃၀၇၉၀) ရထားပါတယ်။ ဒါပေမယ့် ဒီပမာဏက သမီးအတွက် ဆေးဖို့ သုံးလစာသာ ရှိပါတယ်။

နေသူရိန် (D Khit Media)

source : Next Shark