မိသားစုဝင္ (၁၅)ဦးအထိ ရွိေနလုိ႔၊ အစားအစာအတြက္ အခက္အခဲျဖစ္ေနတဲ့ အိမ္ေထာင္စု

137

မိသားစုဦးေရ မ်ားလြန္းတဲ့အတြက္ စားေရာက္ေသာက္ေရး ခက္ခဲေနတဲ့ မိသားတစ္စုရဲ႕အေၾကာင္းဟာ လူမႈကြန္ရက္ေပၚမွာေတာ့ ေရပန္းစားေနပါတယ္။ သူတို႔ရဲ႕မိသားစုႀကီးကို ဘယ္လုိ အစားေသာက္ျပင္ဆင္ေပးသလဲဆုိတာကို (၄၉)ႏွစ္အရြယ္ ေကာ္တစ္ရာမိဘႏွစ္ပါးက ခုိညည္းသလုိ ညည္းေနရဆဲပါ။

မိသားစုဝင္ (၁၅)ေယာက္ရွိတဲ့ Hann မိသားစုႀကီးဟာ အစားအစာတစ္နပ္အတြက္ (၈)ေပါင္ေလာက္သာ အသုံးျပဳႏုိင္ၿပီး၊ ဒီအတြက္ စာရိတ္သက္သာတဲ့ MuscleFood ဆိုတဲ့ အြန္လိုင္းအစားေသာက္ေရာင္းတဲ့ဆီကေန အသားနဲ႔ မီးဖိုေခ်ာင္သုံးပစၥည္းေတြကုိ ဝယ္ယူအသုံးျပဳရတယ္လုိ႔ ဆုိပါတယ္။

အစားေသာက္ေတြကေတာ့ Cajun pasta နဲ႔ Fajitas ေတြပါဘဲ။ ဒါ့အျပင္ မိသားစုေတြအပါဝင္ မိတ္ေဆြ (၄၀)ေလာက္ေကၽြးလုိ႔ရတဲ့ အသာကင္ဖိုႀကီးတခုလည္း သူတုိ႔မွာရွိပါတယ္။ စာရိတ္နဲ႔တြက္ရင္ေတာ့ မိသားစုဝင္တစ္ေယာက္ကို (၇၉)ပဲနိသာ ကုန္က်ပါတယ္။

လင္မယားႏွစ္ေယာက္ဟာ အပတ္စဥ္ဝယ္ေနက် ေစ်းဆိုင္ႀကီးကို လြန္ခဲ့တဲ့ ငါးႏွစ္ဝန္းက်င္ ေလာက္ကတည္းက မသြားၾကေတာ့ပါဘူး။ အေၾကာင္းကေတာ့ သူတုိ႔က တစ္လကို ေပါင္(၂၀၀) ေလာက္ပဲ တတ္ႏိုင္တယ္လုိ႔ပါ။ မိသားစု တၿပဳံတမႀကီး ႀကီးျပင္းလာက်ေတာ့ အေမျဖစ္ တဲ့ Emma က တစ္ပတ္တစ္ပတ္မွာ သူတုိ႔မလုိတဲ့ အရာေတြျဖစ္တဲ့ ဖန္စီေတြ၊ ဒိန္ခ်ဥ္ေတြ၊ သၾကားေတြ၊ သစ္သီးအခ်ိဳရည္စတာေတြလို မလိုအပ္တာေတြ မဝယ္ျဖစ္ေအာင္ အဲဒီဘက္ကို ေျခဦးမလွည့္ေတာ့တာပါ။

ၾကက္ရင္အုံသား၊ အမဲသားစင္းေကာ၊ အသားအူေခ်ာင္းေတြ၊ အမဲသားတုံေတြအပါဝင္ (၅၅)ပါင္ဝန္းက်င္ေလာက္ တန္ဖိုးရွိတဲ့ အသားေတြကို MuscleFood ကေနဝယ္ၿပီး၊ (၃၃)ေပါင္ ေလာက္တန္ဖိုးရွိတဲ့ ဟင္းသီးဟင္းရြက္ေတြနဲ႔ အျခားလုိအပ္တာေတြကိုလည္း ဝယ္လိုက္ၾကရပါတယ္။

(၈၈)ေပါင္တန္ေလာက္ သုံးလိုက္ၿပီးရင္ေတာ့ Emma နဲ႔ Roy တို႔ဟာ သူတို႔မိသားစုအတြက္ ေဝစု(၁၁၂)စုကုိ ခြဲလိုက္ၾကပါတယ္။ အစားဆို တေျဖာင္းေျဖာင္းစားတတ္တဲ့ ကေလးခပ္ႀကီးႀကီးေတြက တစ္ခါတေလ သူတိုရဲ႕ ေဘာ္ဒါေတြကို အလည္ေခၚလာတတ္တာကလည္း စုိးရိမ္စရာျဖစ္ေစပါတယ္။

“မိသားစုက ပိုပိုႀကီးလာေတာ့ သဘာဝကိုက ေကၽြးစားရိတ္ တက္လာတာေပါ့ …တစ္ပတ္တစ္ခါ ေစ်းဝယ္ထြက္ရေတာ့ ကားစားရိတ္က ပိုတက္တာေပါ့ …. ဒီလိုလုပ္လိုက္ေတာ့ ေငြကုန္ ေၾကးက်မ်ားေရာ … ၿပီးေတာ့ မလိုအပ္တာေတြ ဝယ္မိေရာ … အိမ္ထဲမွာ လိုတာအကုန္ရရင္ေတာ့ အရမ္းအဆင္ေျပတာေပါ့ …..

မိသားစုအမ်ားႀကီးတြက္ အလုပ္,လုပ္ရမယ္ေလ … ဘယ္ေနရာကေန ဝယ္ရမယ္ဆိုတာ ဉာဏ္ေလးလႊာၿပီး ေစ်းဝယ္လိုက္ေတာ့ အစားေသာက္ကေန တပတ္ကို ေပါင္(၅၀)ေလာက္ စုႏိုင္တယ္ေလ” လုိ႔ ေကာ္ဖီဆိုင္ပိုင္ရွင္ Emma ကေျပာ ပါတယ္။

အခုဆို Emma နဲ႔ Royတို႔က တစ္လကိုတစ္ႀကိမ္ အသားေတြ အမ်ားႀကီးဝယ္ၿပီးေတာ့ လိုအပ္တာေလးေတြနဲ႔ အစားေသာက္ လက္လက္ဆက္ဆက္ေလးေတြကို ေရခဲေသတၱာထဲ ထည့္ထားလိုက္တယ္။ အခုဆို သူတို႔ေရာ ကေလးေတြအတြက္ အိမ္မွာစားဖို႔ အစားေသာက္အတြက္ တစ္ပတ္ကို ေပါင္(၂၂၀)ဝန္းက်င္ေလာက္ပဲ ကုန္ပါေတာ့တယ္။ ဒါေပမယ့္ ဒါက အေျခခံအစားအစာကို တတိတိပဲေလွာ္စားသလုိ စားေနတယ္လို႔ ေျပာလို႔မရဘူး။

“အစားေသာက္ေတြ ေရာစားရတာ ကၽြန္မတို႔က ႀကိဳက္တယ္ေလ … ဒါေပမယ့္ အပတ္တိုင္း စားတဲ့ Spaghetti aတြ၊ အသားလုံးေတြ၊ Mac နဲ႔ ဒိန္ခဲေတြလုိမ်ိဳးေတြက မိသားစုအႀကိဳက္က နည္းနည္းပါးပါးပဲ ႐ွိတယ္”လုိ႔ Emma က ထပ္ေျပာပါတယ္။

မိသားစု တစ္ပတ္စာေကၽြးဖို႔အတြက္ MuscleFood ကေန (၈၅)ေပါင္တန္ ျခင္းႀကီးတစ္ခုထဲမွာ တာရွည္ခံအစားစာေတြ ရွိပါတယ္။ သူတိို႔အႀကိဳက္ကေတာ့ နတ္စည္းစိမ္လို႔ သတ္မွတ္ထားတဲ့ အသားေတြပါပဲ။ တကယ္စားလုိက္ေတာ့ စားၾကြင္းစားက်န္ေတာင္ မက်န္သေလာက္မုိ႔၊ တစ္လနဲ႔တစ္လ စားေရးေသာက္ေရး အေတာ္ေလး ဒုကၡေတြ႕ေနတယ္လုိ႔ ဆုိပါတယ္။

မင္းႏြယ္ခန္႔ (D Khit Media)
Source : Metro

ယူနီကုဒ်ဖြင့် ဖတ်ရန်-

မိသားစုဦးရေ များလွန်းတဲ့အတွက် စားရောက်သောက်ရေး ခက်ခဲနေတဲ့ မိသားတစ်စုရဲ့အကြောင်းဟာ လူမှုကွန်ရက်ပေါ်မှာတော့ ရေပန်းစားနေပါတယ်။ သူတို့ရဲ့မိသားစုကြီးကို ဘယ်လို အစားသောက်ပြင်ဆင်ပေးသလဲဆိုတာကို (၄၉)နှစ်အရွယ် ကော်တစ်ရာမိဘနှစ်ပါးက ခိုညည်းသလို ညည်းနေရဆဲပါ။

မိသားစုဝင် (၁၅)ယောက်ရှိတဲ့ Hann မိသားစုကြီးဟာ အစားအစာတစ်နပ်အတွက် (၈)ပေါင်လောက်သာ အသုံးပြုနိုင်ပြီး၊ ဒီအတွက် စာရိတ်သက်သာတဲ့ MuscleFood ဆိုတဲ့ အွန်လိုင်းအစားသောက်ရောင်းတဲ့ဆီကနေ အသားနဲ့ မီးဖိုချောင်သုံးပစ္စည်းတွေကို ဝယ်ယူအသုံးပြုရတယ်လို့ ဆိုပါတယ်။

အစားသောက်တွေကတော့ Cajun pasta နဲ့ Fajitas တွေပါဘဲ။ ဒါ့အပြင် မိသားစုတွေအပါဝင် မိတ်ဆွေ (၄၀)လောက်ကျွေးလို့ရတဲ့ အသာကင်ဖိုကြီးတခုလည်း သူတို့မှာရှိပါတယ်။ စာရိတ်နဲ့တွက်ရင်တော့ မိသားစုဝင်တစ်ယောက်ကို (၇၉)ပဲနိသာ ကုန်ကျပါတယ်။

လင်မယားနှစ်ယောက်ဟာ အပတ်စဉ်ဝယ်နေကျ စျေးဆိုင်ကြီးကို လွန်ခဲ့တဲ့ ငါးနှစ်ဝန်းကျင် လောက်ကတည်းက မသွားကြတော့ပါဘူး။ အကြောင်းကတော့ သူတို့က တစ်လကို ပေါင်(၂၀၀) လောက်ပဲ တတ်နိုင်တယ်လို့ပါ။ မိသားစု တပြုံတမကြီး ကြီးပြင်းလာကျတော့ အမေဖြစ် တဲ့ Emma က တစ်ပတ်တစ်ပတ်မှာ သူတို့မလိုတဲ့ အရာတွေဖြစ်တဲ့ ဖန်စီတွေ၊ ဒိန်ချဉ်တွေ၊ သကြားတွေ၊ သစ်သီးအချိုရည်စတာတွေလို မလိုအပ်တာတွေ မဝယ်ဖြစ်အောင် အဲဒီဘက်ကို ခြေဦးမလှည့်တော့တာပါ။

ကြက်ရင်အုံသား၊ အမဲသားစင်းကော၊ အသားအူချောင်းတွေ၊ အမဲသားတုံတွေအပါဝင် (၅၅)ပါင်ဝန်းကျင်လောက် တန်ဖိုးရှိတဲ့ အသားတွေကို MuscleFood ကနေဝယ်ပြီး၊ (၃၃)ပေါင် လောက်တန်ဖိုးရှိတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ အခြားလိုအပ်တာတွေကိုလည်း ဝယ်လိုက်ကြရပါတယ်။

(၈၈)ပေါင်တန်လောက် သုံးလိုက်ပြီးရင်တော့ Emma နဲ့ Roy တို့ဟာ သူတို့မိသားစုအတွက် ဝေစု(၁၁၂)စုကို ခွဲလိုက်ကြပါတယ်။ အစားဆို တဖြောင်းဖြောင်းစားတတ်တဲ့ ကလေးခပ်ကြီးကြီးတွေက တစ်ခါတလေ သူတိုရဲ့ ဘော်ဒါတွေကို အလည်ခေါ်လာတတ်တာကလည်း စိုးရိမ်စရာဖြစ်စေပါတယ်။

“မိသားစုက ပိုပိုကြီးလာတော့ သဘာဝကိုက ကျွေးစားရိတ် တက်လာတာပေါ့ …တစ်ပတ်တစ်ခါ စျေးဝယ်ထွက်ရတော့ ကားစားရိတ်က ပိုတက်တာပေါ့ …. ဒီလိုလုပ်လိုက်တော့ ငွေကုန် ကြေးကျများရော … ပြီးတော့ မလိုအပ်တာတွေ ဝယ်မိရော … အိမ်ထဲမှာ လိုတာအကုန်ရရင်တော့ အရမ်းအဆင်ပြေတာပေါ့ …..

မိသားစုအများကြီးတွက် အလုပ်,လုပ်ရမယ်လေ … ဘယ်နေရာကနေ ဝယ်ရမယ်ဆိုတာ ဉာဏ်လေးလွှာပြီး စျေးဝယ်လိုက်တော့ အစားသောက်ကနေ တပတ်ကို ပေါင်(၅၀)လောက် စုနိုင်တယ်လေ” လို့ ကော်ဖီဆိုင်ပိုင်ရှင် Emma ကပြော ပါတယ်။

အခုဆို Emma နဲ့ Royတို့က တစ်လကိုတစ်ကြိမ် အသားတွေ အများကြီးဝယ်ပြီးတော့ လိုအပ်တာလေးတွေနဲ့ အစားသောက် လက်လက်ဆက်ဆက်လေးတွေကို ရေခဲသေတ္တာထဲ ထည့်ထားလိုက်တယ်။ အခုဆို သူတို့ရော ကလေးတွေအတွက် အိမ်မှာစားဖို့ အစားသောက်အတွက် တစ်ပတ်ကို ပေါင်(၂၂၀)ဝန်းကျင်လောက်ပဲ ကုန်ပါတော့တယ်။ ဒါပေမယ့် ဒါက အခြေခံအစားအစာကို တတိတိပဲလှော်စားသလို စားနေတယ်လို့ ပြောလို့မရဘူး။

“အစားသောက်တွေ ရောစားရတာ ကျွန်မတို့က ကြိုက်တယ်လေ … ဒါပေမယ့် အပတ်တိုင်း စားတဲ့ Spaghetti aတွ၊ အသားလုံးတွေ၊ Mac နဲ့ ဒိန်ခဲတွေလိုမျိုးတွေက မိသားစုအကြိုက်က နည်းနည်းပါးပါးပဲ ရှိတယ်”လို့ Emma က ထပ်ပြောပါတယ်။

မိသားစု တစ်ပတ်စာကျွေးဖို့အတွက် MuscleFood ကနေ (၈၅)ပေါင်တန် ခြင်းကြီးတစ်ခုထဲမှာ တာရှည်ခံအစားစာတွေ ရှိပါတယ်။ သူတိို့အကြိုက်ကတော့ နတ်စည်းစိမ်လို့ သတ်မှတ်ထားတဲ့ အသားတွေပါပဲ။ တကယ်စားလိုက်တော့ စားကြွင်းစားကျန်တောင် မကျန်သလောက်မို့၊ တစ်လနဲ့တစ်လ စားရေးသောက်ရေး အတော်လေး ဒုက္ခတွေ့နေတယ်လို့ ဆိုပါတယ်။

မင်းနွယ်ခန့် (D Khit Media)
Source : Metro