ပရိသတ္ခ်စ္တဲ့ ေဆာင္းေဟကုိ(အြန္ေစာ)နဲ႔ ေဆာင္ဂၽြန္ကီစုံတြဲ၊ ကြာရွင္းၾကေတာ့မည္

111

ေတာင္ကုိရီးယား သ႐ုပ္ေဆာင္နယ္ပယ္မွာ အမ်ားက အားက်ရျခင္းခံရတဲ့၊ ကမာၻတစ္ဝွမ္းမွ ပရိသတ္ေတြ အခုိင္အမာ အားေပးျခင္းခံထားတရဲ့ ေဆာင္စုံတြဲကေတာ့ အခုအခါမွာ ပရိသတ္ေတြ ထင္မွတ္မထားတဲ့ သတင္းတစ္ခုကို ထုတ္ျပန္လုိက္ၿပီ ျဖစ္ပါတယ္။

သူတုိ႔ႏွစ္ေယာက္ ကြာရွင္းေတာ့မွာပါတဲ့။ ေဆာင္းေဟကုိက ကြာရွင္းဖုိ႔ တရား႐ုံးမွာ ဦးတုိက္ေလွ်ာက္ထားခဲ့တာျဖစ္ၿပီး၊ ဒါဟာ သူတုိ႔ မဂၤလာေဆာင္လုိ႔ (၂)ႏွစ္အၾကာမွာ ထြက္ေပၚလာတဲ့ သတင္းျဖစ္ပါတယ္။ သူတုိ႔ႏွစ္ေယာက္ဟာ Descendants of the Sun ဇာတ္ကား႐ုိက္ကူးရင္း ခ်စ္ႀကိဳက္ခဲ့ၾကတာပါ။

ေဆာင္ဂၽြန္ကီကေတာ့ ကြာရွင္းလုိပုံမေပၚေသးဘဲ၊ သူရဲ႕ေရွ႕ေန ပက့္ေဂ်ဟြန္းနဲ႔ တုိင္ပင္ေနၿပီး၊ ဥပေဒေၾကာင္းအရ ဆက္လက္ရင္ဆုိင္သြားမယ္လုိ႔ ဆုိပါတယ္။ ေဆာင္းေဟကုိရဲ႕ေအဂ်င္စီျဖစ္တဲ့ UAA ရဲ႕ ထုတ္ျပန္ခ်က္မွာေတာ့ ႏွစ္ဦးသား စိတ္သေဘာထားခ်င္း မတုိက္ဆုိင္ေတာ့လုိ႔ျဖစ္ေၾကာင္း ဆုိပါတယ္။

UAA တာဝန္ရွိသူတစ္ဦးမွ ” ကၽြန္ေတာ္တုိ႔ရဲ႕မင္းသမီး ေဆာင္းေဟကုိက ခင္ပြန္းနဲ႔ ကြာရွင္းဖုိ႔ ျပင္ဆင္ေနပါတယ္ … အဓိကကေတာ့ ႏွစ္ဦးၾကားမွာ ကြဲလြဲေနတဲ့အရာေတြကို အစစသုံးသပ္ၿပီးေတာ့ ဒီဆုံးျဖတ္ခ်က္ကို ခ်လိုက္တာ … ႏွစ္ေယာက္သား စိတ္သေဘာထား မတုိက္ဆုိင္ၾကဘူးေလ “လုိ႔ ေျပာခဲ့ပါတယ္။

ေဆာင္ဂၽြန္ကီရဲ႕ေအဂ်င္စီ Blossom Entertainment မွာ ေဆာင္ဂၽြန္ကီေျပာခဲ့တဲ့စကားကေတာ့ ” ကၽြန္ေတာ္ကေတာ့ ဥပေဒေၾကာင္းအရ ရင္ဆုိင္သြားမွာပါ … ေလာေလာဆယ္ ဒါပဲ ေျပာႏုိင္ပါတယ္ … အခုလုိ သတင္းဆုိးကုိ ေျပာရလုိ႔ ကၽြန္ေတာ့္ကို ခ်စ္တဲ့ပရိသတ္ေတြအတြက္ စိတ္မေကာင္းပါဘူး “လုိ႔ ေျပာခဲ့ပါတယ္။

လင္းေဇာ္ကို (D Khit Media0

source : AsiaOne/ABS_CBN News

ယူနီကုဒ်ဖြင့်ဖတ်ရန်-

တောင်ကိုရီးယား သရုပ်ဆောင်နယ်ပယ်မှာ အများက အားကျရခြင်းခံရတဲ့၊ ကမ္ဘာတစ်ဝှမ်းမှ ပရိသတ်တွေ အခိုင်အမာ အားပေးခြင်းခံထားတရဲ့ ဆောင်စုံတွဲကတော့ အခုအခါမှာ ပရိသတ်တွေ ထင်မှတ်မထားတဲ့ သတင်းတစ်ခုကို ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။

သူတို့နှစ်ယောက် ကွာရှင်းတော့မှာပါတဲ့။ ဆောင်းဟေကိုက ကွာရှင်းဖို့ တရားရုံးမှာ ဦးတိုက်လျှောက်ထားခဲ့တာဖြစ်ပြီး၊ ဒါဟာ သူတို့ မင်္ဂလာဆောင်လို့ (၂)နှစ်အကြာမှာ ထွက်ပေါ်လာတဲ့ သတင်းဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ Descendants of the Sun ဇာတ်ကားရိုက်ကူးရင်း ချစ်ကြိုက်ခဲ့ကြတာပါ။

ဆောင်ဂျွန်ကီကတော့ ကွာရှင်းလိုပုံမပေါ်သေးဘဲ၊ သူရဲ့ရှေ့နေ ပက့်ဂျေဟွန်းနဲ့ တိုင်ပင်နေပြီး၊ ဥပဒေကြောင်းအရ ဆက်လက်ရင်ဆိုင်သွားမယ်လို့ ဆိုပါတယ်။ ဆောင်းဟေကိုရဲ့အေဂျင်စီဖြစ်တဲ့ UAA ရဲ့ ထုတ်ပြန်ချက်မှာတော့ နှစ်ဦးသား စိတ်သဘောထားချင်း မတိုက်ဆိုင်တော့လို့ဖြစ်ကြောင်း ဆိုပါတယ်။

UAA တာဝန်ရှိသူတစ်ဦးမှ ” ကျွန်တော်တို့ရဲ့မင်းသမီး ဆောင်းဟေကိုက ခင်ပွန်းနဲ့ ကွာရှင်းဖို့ ပြင်ဆင်နေပါတယ် … အဓိကကတော့ နှစ်ဦးကြားမှာ ကွဲလွဲနေတဲ့အရာတွေကို အစစသုံးသပ်ပြီးတော့ ဒီဆုံးဖြတ်ချက်ကို ချလိုက်တာ … နှစ်ယောက်သား စိတ်သဘောထား မတိုက်ဆိုင်ကြဘူးလေ “လို့ ပြောခဲ့ပါတယ်။

ဆောင်ဂျွန်ကီရဲ့အေဂျင်စီ Blossom Entertainment မှာ ဆောင်ဂျွန်ကီပြောခဲ့တဲ့စကားကတော့ ” ကျွန်တော်ကတော့ ဥပဒေကြောင်းအရ ရင်ဆိုင်သွားမှာပါ … လောလောဆယ် ဒါပဲ ပြောနိုင်ပါတယ် … အခုလို သတင်းဆိုးကို ပြောရလို့ ကျွန်တော့်ကို ချစ်တဲ့ပရိသတ်တွေအတွက် စိတ်မကောင်းပါဘူး “လို့ ပြောခဲ့ပါတယ်။

လင်းဇော်ကို (D Khit Media0

source : AsiaOne/ABS_CBN News