ေျမြေတြကိုခ်စ္လုိ႔ ေမြးထားတဲ့သူ၊ စပါးအုံးေျမြေၾကာင့္ အသက္ဆုံး႐ႈံးခဲ့ရ

189

အင္ဒုိနီးရွားႏုိင္ငံမွာ ေျမြေတြကိုခ်စ္လုိ႔ ေမြးျမဴထားတဲ့ အမ်ိဳးသားတစ္ေယာက္ဟာ စပါးအုံးေျမြႀကီးက လည္ပင္းကို ရစ္သတ္တာကို ခံလုိက္ရၿပီး၊ ေသဆုံးသြားခဲ့ေၾကာင္း သိရပါတယ္။ အဆုိပါ အမ်ိဳးသားအမည္မွာ ဂ်ာႏူး ျဖစ္ၿပီး၊ သူ႕ကို သတ္ခဲ့တဲ့ စပါးအုံးေျမြႀကီးေတာ့ အေလးခ်ိန္ (၂.၅)စတုံရွိပါတယ္။

ေျမြႀကီးရဲဲ႕အမည္ကေတာ့ ဂ်ာနာ ျဖစ္ၿပီး၊ ရြာသားေတြက ေျမြႀကီးကုိသတ္ကာ ဂ်ာႏူးရဲ႕အုတ္ဂူေဘးမွာပဲ ျမႇဳပ္ႏွံေပးခဲ့ေၾကာင္း သိရပါတယ္။ ဂ်ာႏူးဟာ ေျမြေတြကုိ အလြန္ခ်စ္တာေၾကာင့္ ရႏုိင္သမွ် စုံစုံလင္လင္ ေမြးျမဴထားသူပါ။ သူ႕ဆီမွာ အဆိပ္ျပင္း ေတာႀကီးေျမြေဟာက္ေတြလည္း ရွိပါတယ္။


ေဒသခံရြာသားေတြရဲ႕ ေျပာစကားအရေတာ့ ဂ်ာႏူးဟာ ေျမြႀကီးကို ေရခ်ိဳးေပးဖုိ႔ႀကိဳးစားစဥ္မွာ ရန္ျပဳတုိက္ခုိက္ခဲ့တာ ျဖစ္ေၾကာင္း သိရပါတယ္။ ေသဆုံးသူဟာ အသက္(၄၂)ႏွစ္ ရွိၿပီျဖစ္ၿပီး၊ ေျမြႀကီးရဲ႕အရွည္ကေတာ့ (၉)ေပအထိ ရွိေၾကာင္း သိရပါတယ္။

ဒီအျဖစ္အပ်က္ဟာ ၿပီးခဲ့တဲ့အပတ္ ေသာၾကာေန႔မနက္က ျဖစ္ခဲ့တာပါ။ အခင္းျဖစ္ရာ လိပ္စာကေတာ့ Kutawaringin ၿမိဳ႕နယ္ထဲ အဝင္အပါျဖစ္တဲ့ Citiru အမည္ရ ေက်းရြာေလးမွာျဖစ္ပါတယ္။ ဇနီးျဖစ္သူ Elah က ” သူ႕ကို ဒီသတၱဝါေတြ မေမြးပါနဲ႔လုိ႔ ေျပာေပမယ့္ မရဘူး .. ေနာက္ေတာ့ လႊတ္ထားလိုက္ေတာ့တယ္ … “လုိ႔ ေျပာပါတယ္။

ေျမြႀကီး ဂ်ာနာဟာ သခင္ကိုသတ္ၿပီးေနာက္ ေရးဆုိးထုတ္ပုိက္ကေန ထြက္ေျပးဖုိ႔ ႀကိဳးစားခဲ့ေပမယ့္ ရြာသားေတြက ရွာေတြ႕သြားၿပီး သူ႕ကုိ သတ္လုိက္ပါတယ္။ ယင္းေနာက္ ေျမြႀကီးကို သူ႕သခင္ရဲ႕ အုတ္ဂူအနီးအနားမွာပဲ ျမႇဳပ္လုိက္တာလုိ႔ သိရပါတယ္။

ေနသူရိန္ (D Khit Media)

source : Mirror

ယူနီကုဒ်ဖြင့် ဖတ်ရန်-

အင်ဒိုနီးရှားနိုင်ငံမှာ မြွေတွေကိုချစ်လို့ မွေးမြူထားတဲ့ အမျိုးသားတစ်ယောက်ဟာ စပါးအုံးမြွေကြီးက လည်ပင်းကို ရစ်သတ်တာကို ခံလိုက်ရပြီး၊ သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။ အဆိုပါ အမျိုးသားအမည်မှာ ဂျာနူး ဖြစ်ပြီး၊ သူ့ကို သတ်ခဲ့တဲ့ စပါးအုံးမြွေကြီးတော့ အလေးချိန် (၂.၅)စတုံရှိပါတယ်။

မြွေကြီးရဲဲ့အမည်ကတော့ ဂျာနာ ဖြစ်ပြီး၊ ရွာသားတွေက မြွေကြီးကိုသတ်ကာ ဂျာနူးရဲ့အုတ်ဂူဘေးမှာပဲ မြှုပ်နှံပေးခဲ့ကြောင်း သိရပါတယ်။ ဂျာနူးဟာ မြွေတွေကို အလွန်ချစ်တာကြောင့် ရနိုင်သမျှ စုံစုံလင်လင် မွေးမြူထားသူပါ။ သူ့ဆီမှာ အဆိပ်ပြင်း တောကြီးမြွေဟောက်တွေလည်း ရှိပါတယ်။

ဒေသခံရွာသားတွေရဲ့ ပြောစကားအရတော့ ဂျာနူးဟာ မြွေကြီးကို ရေချိုးပေးဖို့ကြိုးစားစဉ်မှာ ရန်ပြုတိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။ သေဆုံးသူဟာ အသက်(၄၂)နှစ် ရှိပြီဖြစ်ပြီး၊ မြွေကြီးရဲ့အရှည်ကတော့ (၉)ပေအထိ ရှိကြောင်း သိရပါတယ်။

ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့အပတ် သောကြာနေ့မနက်က ဖြစ်ခဲ့တာပါ။ အခင်းဖြစ်ရာ လိပ်စာကတော့ Kutawaringin မြို့နယ်ထဲ အဝင်အပါဖြစ်တဲ့ Citiru အမည်ရ ကျေးရွာလေးမှာဖြစ်ပါတယ်။ ဇနီးဖြစ်သူ Elah က ” သူ့ကို ဒီသတ္တဝါတွေ မမွေးပါနဲ့လို့ ပြောပေမယ့် မရဘူး .. နောက်တော့ လွှတ်ထားလိုက်တော့တယ် … “လို့ ပြောပါတယ်။

မြွေကြီး ဂျာနာဟာ သခင်ကိုသတ်ပြီးနောက် ရေးဆိုးထုတ်ပိုက်ကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမယ့် ရွာသားတွေက ရှာတွေ့သွားပြီး သူ့ကို သတ်လိုက်ပါတယ်။ ယင်းနောက် မြွေကြီးကို သူ့သခင်ရဲ့ အုတ်ဂူအနီးအနားမှာပဲ မြှုပ်လိုက်တာလို့ သိရပါတယ်။

နေသူရိန် (D Khit Media)

source : Mirror