ေတာင္ကိုရီးယားရွိ အေမရိကန္သံ႐ုံးကုိ ေဖာက္ခြဲဖုိ႔ႀကိဳးစားသူကို ေနရာမွာပင္ ဖမ္းဆီးရမိ

168

ေတာင္ကုိရီးယားႏုိင္ငံ၊ ဆုိးလ္ၿမိဳ႕မွာ ဖြင့္လွစ္ထားတဲ့ အေမရိကန္သံ႐ုံးကို သံသယရွိဖြယ္ရာ လူတစ္ဦးက ေဖာက္ခြဲဖုိ႔ရန္အႀကံစည္နဲ႔ အၾကမ္းဖက္ခဲ့တဲ့ျဖစ္ရပ္ ယမန္ေန႔က ျဖစ္ပြားခဲ့ပါတယ္။ တရားခံကုိ ေနရာမွာတင္ ဖမ္းဆီးႏုိင္ခဲ့ၿပီး၊ အသက္ကေတာ့ (၄၀)ႏွစ္လုိ႔ သိရပါတယ္။

အေမရိကန္သမၼတ ထရမ့္ဟာ ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္နဲ႔ သုံးႀကိမ္ေျမာက္ လူခ်င္းေတြ႕ဆုံေဆြးေႏြးရန္ ရွိေနေၾကာင္း ေတာင္ကိုရီးယားသမၼတ မြန္ေဂ်အင္းက အတည္ျပဳထားၿပီး၊ အဲဒီရက္မတုိင္ခင္မွာ ေဖာက္ခြဲေရးသမားက အေမရိကန္သံ႐ုံးကို ဦးတည္တုိက္ခုိက္ဖုိ႔ ႀကိဳးစားခဲ့တာပါ။


ကားထဲမွာ ေပါက္ကြဲအားျပင္းထန္တဲ့ ဂက္စ္ဘူး အလုံး(၃၀) သယ္ေဆာင္လာၿပီး၊ သံ႐ုံးေရွ႕အေရာက္မွာပဲ ကားကုိ ႐ုတ္တရက္ေကြ႕ခ်လုိက္ကာ၊ သံ႐ုံးတံခါးကိုတုိက္ၿပီး ဝင္ဖုိ႔ ႀကိဳးစားခဲ့တာျဖစ္ပါတယ္။ သံ႐ုံးကို အေမရိကန္ေရတပ္လုံၿခဳံေရးက တာဝန္ယူထားတာျဖစ္ၿပီး-

ခ်က္ခ်င္းပဲ သံသယရွိဖြယ္တရားခံကို ဖမ္းဆီးႏုိင္ခဲ့တာပါ။ တရားခံဟာ ဘူဆန္ၿမိဳ႕မွျဖစ္ၿပီး၊ ကားကေတာ့ ဝန္ေဆာင္မႈတစ္ခုဆီကေန ငွားလာတာပါ။ သူကုိယ္တုိင္က ဒီလုပ္ရပ္ကို ေျဖာင့္ခ်က္ေပး ဝန္ခံတာမ်ိဳးမရွိေသးေပမယ့္၊ သူ သယ္ေဆာင္လာတဲ့ ပစၥည္းေတြအရေတာ့ ေဖာက္ခြဲဖုိ႔ထက္ တစ္ျခားရည္ရြယ္ခ်က္ ရွိပုံမရပါဘူး။

အခင္းျဖစ္ပြားခဲ့ရာ ဧရိယာဟာ အေမရိကန္၊ ယူေက၊ အုိင္ယာလန္၊ ကေနဒါနဲ႔ ၾသစေတးလ်သံ႐ုံးေတြ ႐ုံးစုိက္ရာ ရပ္ကြက္ျဖစ္ပါတယ္။ ေလာေလာဆယ္ေတာ့ ေတာင္ကုိရီးယားရဲဘက္က ဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ထုတ္ျပန္တာမ်ိဳးမရွိေသးဘဲ၊ စုံစမ္းစစ္ေဆးမႈေတြ ဆက္လက္လုပ္ေဆာင္ေနဆဲပါ။

သမၼတထရမ့္ဟာ လာမယ့္စေနေန႔မွာ ေတာင္ကုိရီးယားကို ေရာက္လာဖုိ႔ရွိၿပီး၊ သမၼတ မြန္ေဂ်အင္းနဲ႔ ကနဦးေတြ႕ဆုံမွာပါ။ ခန္႔မွန္းမႈမ်ားအရ မြန္ေဂ်အင္းဟာ အီရန္နဲ႔သံတမန္းေရးအရ အဆင္ေျပသူျဖစ္ၿပီး၊ သမၼတထရမ့္က ဒီအေရးကိစၥအတြက္ ေတာင္ကုိးရီယားကို ၾကားခံႏုိင္ငံအျဖစ္ ေဆာင္ရြက္ေစလုိေနပုံရပါတယ္။

ဒီလုိပဲ သမၼတမြန္ေဂ်အင္းနဲ႔ ေတြ႕ဆုံမႈအၿပီးမွာ ေျမာက္ကုိရီးယားသမၼတနဲ႔ ဆက္လက္ေတြ႕ဆုံမွာလုိ႔ သိရပါတယ္။ ဒီမတုိင္ခင္မွာ သူတုိ႔တစ္ေတြ ႏွစ္ႀကိမ္ေတြ႕ဆုံခဲ့ေပမယ့္ ႏွစ္ဘက္ေက်နပ္ဖြယ္ရာ သေဘာတူညီခ်က္မ်ိဳး မရခဲ့ပါဘူး။ ဒါေပမယ့္ မၾကာေသးခင္က အျပန္အလွန္ စာေတြေပးပုိ႔ လက္ခံခဲ့ၾကတာက အျပဳသေဘာေဆာင္တဲ့ လကၡဏာလုိ႔ ဆုိရမွာပါ။

လင္းေဇာ္ကို (D Khit Media)

source : Mirror

ယူနီကုဒ်ဖြင့် ဖတ်ရန်-

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ဖွင့်လှစ်ထားတဲ့ အမေရိကန်သံရုံးကို သံသယရှိဖွယ်ရာ လူတစ်ဦးက ဖောက်ခွဲဖို့ရန်အကြံစည်နဲ့ အကြမ်းဖက်ခဲ့တဲ့ဖြစ်ရပ် ယမန်နေ့က ဖြစ်ပွားခဲ့ပါတယ်။ တရားခံကို နေရာမှာတင် ဖမ်းဆီးနိုင်ခဲ့ပြီး၊ အသက်ကတော့ (၄၀)နှစ်လို့ သိရပါတယ်။

အမေရိကန်သမ္မတ ထရမ့်ဟာ မြောက်ကိုရီးယားခေါင်းဆောင်ကင်နဲ့ သုံးကြိမ်မြောက် လူချင်းတွေ့ဆုံဆွေးနွေးရန် ရှိနေကြောင်း တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက အတည်ပြုထားပြီး၊ အဲဒီရက်မတိုင်ခင်မှာ ဖောက်ခွဲရေးသမားက အမေရိကန်သံရုံးကို ဦးတည်တိုက်ခိုက်ဖို့ ကြိုးစားခဲ့တာပါ။

ကားထဲမှာ ပေါက်ကွဲအားပြင်းထန်တဲ့ ဂက်စ်ဘူး အလုံး(၃၀) သယ်ဆောင်လာပြီး၊ သံရုံးရှေ့အရောက်မှာပဲ ကားကို ရုတ်တရက်ကွေ့ချလိုက်ကာ၊ သံရုံးတံခါးကိုတိုက်ပြီး ဝင်ဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။ သံရုံးကို အမေရိကန်ရေတပ်လုံခြုံရေးက တာဝန်ယူထားတာဖြစ်ပြီး-

ချက်ချင်းပဲ သံသယရှိဖွယ်တရားခံကို ဖမ်းဆီးနိုင်ခဲ့တာပါ။ တရားခံဟာ ဘူဆန်မြို့မှဖြစ်ပြီး၊ ကားကတော့ ဝန်ဆောင်မှုတစ်ခုဆီကနေ ငှားလာတာပါ။ သူကိုယ်တိုင်က ဒီလုပ်ရပ်ကို ဖြောင့်ချက်ပေး ဝန်ခံတာမျိုးမရှိသေးပေမယ့်၊ သူ သယ်ဆောင်လာတဲ့ ပစ္စည်းတွေအရတော့ ဖောက်ခွဲဖို့ထက် တစ်ခြားရည်ရွယ်ချက် ရှိပုံမရပါဘူး။

အခင်းဖြစ်ပွားခဲ့ရာ ဧရိယာဟာ အမေရိကန်၊ ယူကေ၊ အိုင်ယာလန်၊ ကနေဒါနဲ့ သြစတေးလျသံရုံးတွေ ရုံးစိုက်ရာ ရပ်ကွက်ဖြစ်ပါတယ်။ လောလောဆယ်တော့ တောင်ကိုရီးယားရဲဘက်က ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ထုတ်ပြန်တာမျိုးမရှိသေးဘဲ၊ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲပါ။

သမ္မတထရမ့်ဟာ လာမယ့်စနေနေ့မှာ တောင်ကိုရီးယားကို ရောက်လာဖို့ရှိပြီး၊ သမ္မတ မွန်ဂျေအင်းနဲ့ ကနဦးတွေ့ဆုံမှာပါ။ ခန့်မှန်းမှုများအရ မွန်ဂျေအင်းဟာ အီရန်နဲ့သံတမန်းရေးအရ အဆင်ပြေသူဖြစ်ပြီး၊ သမ္မတထရမ့်က ဒီအရေးကိစ္စအတွက် တောင်ကိုးရီယားကို ကြားခံနိုင်ငံအဖြစ် ဆောင်ရွက်စေလိုနေပုံရပါတယ်။

ဒီလိုပဲ သမ္မတမွန်ဂျေအင်းနဲ့ တွေ့ဆုံမှုအပြီးမှာ မြောက်ကိုရီးယားသမ္မတနဲ့ ဆက်လက်တွေ့ဆုံမှာလို့ သိရပါတယ်။ ဒီမတိုင်ခင်မှာ သူတို့တစ်တွေ နှစ်ကြိမ်တွေ့ဆုံခဲ့ပေမယ့် နှစ်ဘက်ကျေနပ်ဖွယ်ရာ သဘောတူညီချက်မျိုး မရခဲ့ပါဘူး။ ဒါပေမယ့် မကြာသေးခင်က အပြန်အလှန် စာတွေပေးပို့ လက်ခံခဲ့ကြတာက အပြုသဘောဆောင်တဲ့ လက္ခဏာလို့ ဆိုရမှာပါ။

လင်းဇော်ကို (D Khit Media)

source : Mirror