သ႐ုပ္ေဆာင္ပညာမွာ ဝါရင့္မင္းသားႀကီး တြမ္ခ႐ုရဲ႕ေျခရာကို နင္းမယ့္ေၾကာင္ေလး

185

ေၾကာင္ေလးတစ္ေကာင္ဟာ သူ႔ကို ေသနတ္နဲ႔ ခ်ိန္တဲ့ပုံစံမ်ိဳးလုပ္လိုက္ရင္ ေသဟန္ေဆာင္တဲ့ သ႐ုပ္ေဆာင္ပညာကုိ ေကာင္းေကာင္း တတ္ေနပါတယ္။ ေၾကာင္ေလးေတြဟာ တစ္ခ်ိဳဳ႕ေသာသူေတြနဲ႔ သူတိုမရင္းႏွီးဘူးလို႔ ခံစားမိတဲ့အခါ အခုလုိ ခ်စ္စဖြယ္ေလးေတြ ဟန္ေဆာင္တာမ်ိဳးေတာ့ လုပ္ျပေလ့ မရွိၾကပါဘူး။

ဗီဒီယုိေလးထဲမွာ ပိုင္ရွင္ Matthew က လက္နဲ႔ ေသနတ္ပစ္သလုိေလး လုပ္လိုက္တဲ့အခါ Baroness ဆိုတဲ့ ေၾကာင္ေလးက ပက္လက္လန္ လဲက်သြားပါတယ္။ ပစ္လုိက္တဲ့ခဏမွာပဲ Baroness ေလးက ၾကမ္းျပင္ ေပၚခုန္ခ်ၿပီးေတာ့ တပတ္လွိမ္႔လိုက္ၿပီး တကယ့္သနားစရာ အသံေလးေတာင္ ထြက္ျပလိုက္ပါေသးတယ္။

ဒီေၾကာင္ကို Matthew က သ႐ုပ္ျပလုပ္စားဖို႔ ေလးက်င့္ေပးခဲ့တာေတာ့ မဟုတ္ပါဘူး။ေၾကာင္ေလးကုိ သာမန္အတုိင္း သင္ေပးေနရင္းနဲ႔ပဲ ျဖစ္သြားတာပါ။ ဗီဒီယိုအဆုံးမွာ ေၾကာင္ေလးက သခင္ခုိင္းသလုိ လုိက္ၿပီး မလုပ္ေတာ့ပါဘူး။ ဒါေပမယ့္ Matthew က ဒီလိုလုပ္သြားတာေလးကိ္ုပဲ ေက်နပ္ေနပါတယ္။

“ဒါက တကယ္ေတာ့ တိုက္ဆိုင္မႈေလးပါ … ဒါေပမယ့္ ကၽြန္ေတာ္ ဒါမ်ိဳးေလးေတြ ထပ္ၿပီးလုပ္ခ်င္ပါတယ္ … ဒါေလးက တကယ့္ခ်စ္စရာေလးေပမယ့္ သနားစရာ ေအာ္သံေလးကေတာ့ ေနာက္ထပ္ ၾကားရခ်င္မွ ၾကားရမွာပါ .. အြန္လိုင္းေပၚမွာ လူတေယာက္က-

သူ႔ေခြးေလးနဲ႔ ဒီလိုလုပ္သြားတာေလးကို ၾကည့္ၿပီး … သူ႔ကို ေက်ာက္စရစ္ခဲေလးေတြေပၚ လွိမ့္တဲ့ ဗီဒီယုိေလးေတြ ပုံမွန္ျပျပၿပီးေတာ့ … ငါလည္း လုပ္ၾကည့္မယ္ဆုိၿပီး စိတ္ကူးရခဲ့တာပါ။” လို႔ Matthew က ေျပာပါတယ္။

မင္းႏြယ္ခန္႔ (D Khit Media)

source : Metro

ယူနီကုဒ်ဖြင့် ဖတ်ရန်-

ကြောင်လေးတစ်ကောင်ဟာ သူ့ကို သေနတ်နဲ့ ချိန်တဲ့ပုံစံမျိုးလုပ်လိုက်ရင် သေဟန်ဆောင်တဲ့ သရုပ်ဆောင်ပညာကို ကောင်းကောင်း တတ်နေပါတယ်။ ကြောင်လေးတွေဟာ တစ်ချိုု့သောသူတွေနဲ့ သူတိုမရင်းနှီးဘူးလို့ ခံစားမိတဲ့အခါ အခုလို ချစ်စဖွယ်လေးတွေ ဟန်ဆောင်တာမျိုးတော့ လုပ်ပြလေ့ မရှိကြပါဘူး။

ဗီဒီယိုလေးထဲမှာ ပိုင်ရှင် Matthew က လက်နဲ့ သေနတ်ပစ်သလိုလေး လုပ်လိုက်တဲ့အခါ Baroness ဆိုတဲ့ ကြောင်လေးက ပက်လက်လန် လဲကျသွားပါတယ်။ ပစ်လိုက်တဲ့ခဏမှာပဲ Baroness လေးက ကြမ်းပြင် ပေါ်ခုန်ချပြီးတော့ တပတ်လှိမ့်လိုက်ပြီး တကယ့်သနားစရာ အသံလေးတောင် ထွက်ပြလိုက်ပါသေးတယ်။

ဒီကြောင်ကို Matthew က သရုပ်ပြလုပ်စားဖို့ လေးကျင့်ပေးခဲ့တာတော့ မဟုတ်ပါဘူး။ကြောင်လေးကို သာမန်အတိုင်း သင်ပေးနေရင်းနဲ့ပဲ ဖြစ်သွားတာပါ။ ဗီဒီယိုအဆုံးမှာ ကြောင်လေးက သခင်ခိုင်းသလို လိုက်ပြီး မလုပ်တော့ပါဘူး။ ဒါပေမယ့် Matthew က ဒီလိုလုပ်သွားတာလေးကိ်ုပဲ ကျေနပ်နေပါတယ်။

“ဒါက တကယ်တော့ တိုက်ဆိုင်မှုလေးပါ … ဒါပေမယ့် ကျွန်တော် ဒါမျိုးလေးတွေ ထပ်ပြီးလုပ်ချင်ပါတယ် … ဒါလေးက တကယ့်ချစ်စရာလေးပေမယ့် သနားစရာ အော်သံလေးကတော့ နောက်ထပ် ကြားရချင်မှ ကြားရမှာပါ .. အွန်လိုင်းပေါ်မှာ လူတယောက်က-

သူ့ခွေးလေးနဲ့ ဒီလိုလုပ်သွားတာလေးကို ကြည့်ပြီး … သူ့ကို ကျောက်စရစ်ခဲလေးတွေပေါ် လှိမ့်တဲ့ ဗီဒီယိုလေးတွေ ပုံမှန်ပြပြပြီးတော့ … ငါလည်း လုပ်ကြည့်မယ်ဆိုပြီး စိတ်ကူးရခဲ့တာပါ။” လို့ Matthew က ပြောပါတယ်။

မင်းနွယ်ခန့် (D Khit Media)

source : Metro