လူတစ္ဦး ေကာင္းကင္မွာ စ်ာန္ပ်ံေနပုံကို ဗြီဒီယုိမွတ္တမ္းယူႏုိင္ခဲ့တဲ့ အမ်ိဳးသား

172

အေမရိကန္ ကယ္လီဖုိးနီးယားျပည္နယ္၊ Burbank မွာ ေနထုိင္တဲ့ အမ်ိဳးသားတစ္ဦးဟာ လူတစ္ဦး ေကာင္းကင္မွာ စ်ာန္ပ်ံေနတဲ့ပုံကို သူရဲ႕ဖုန္းနဲ႔ မွတ္တမ္းတင္ႏုိင္ခဲ့ပါတယ္။ သူ႕အမည္ကေတာ့ Pablo Morales ျဖစ္ၿပီး၊ သူကေတာ့ စ်န္ပ်ံေနသူဟာ ေယရႈခရစ္ေတာ္ ျဖစ္လိမ့္မယ္လုိ႔ ထင္ေနပါတယ္။

Pablo က ဗြီဒီယုိ႐ုိက္ေနရင္း ” အဲဒါ ေယ႐ႈလားမသိဘူး ..”လုိ႔ တုိးတုိးေလး ေရရြတ္ရင္း ” ေက်းဇူးျပဳၿပီး အဖဘုရားသခင္ … ယုံၾကည္သူတုိ႔ကို ခ်ီးေျမႇာက္ေတာ္မူပါ “ဆုိၿပီး ေျပာသံကို ၾကားလုိက္ရပါေသးတယ္။ ဗြီဒီယုိပုိင္ရွင္ထံကို သတင္းမီဒီယာေတြက ဆက္သြယ္ခဲ့ၾကၿပီး-

Metro သတင္းဌာနနဲ႔ ေတြ႕ဆုံစဥ္မွာ ” ကၽြန္ေတာ္က အိမ္အျပင္ဘက္မွာ ေဘာ္ဒါတစ္ေယာက္နဲ႔ ေဆးလိပ္ေသာက္ေနတာ .. ကၽြန္ေတာ့္ မိန္းမလည္း အနီးအနားမွာ ရွိတယ္ … အဲဒီအခ်ိန္မွာ တိမ္တုိက္ၾကားမွာ တစ္ခုခု ထူးဆန္းတာ ေပၚလာတာပဲ “လုိ႔ ေျပာခဲ့ပါတယ္။

သူက ဆက္လက္ၿပီး ” အဲဒီမွာ ကၽြန္ေတာ္တုိ႔ ေၾကာင္စီစီ ျဖစ္ေနၾကတယ္ .. လူတစ္ေယာက္ စ်ာန္ပ်ံေနတယ္ေပါ့ … သူက တျဖည္းျဖည္း ေအာက္ကုိ ေလွ်ာဆင္းလာတယ္ .. ေျမျပင္ေပၚကို ဦးတည္လာပုံရပါတယ္ … “လုိ႔ ေျပာပါတယ္။ ေလထီးတပ္သားလုိ႔ ဆုိရေအာင္ကလည္း ေလထီး ပါမလာပါဘူး။

Pablo က စပိန္စကားနဲ႔ ” လူလည္း ျဖစ္ႏုိင္ပါတယ္ … “လုိ႔ ေျပာပါေသးတယ္။ တစ္ခ်ိဳ႕ေသာသူေတြကေတာ့ ေလေလွ်ာ့သြားတဲ့ Airballon တစ္ခု ေအာက္ကုိ ျဖဳတ္က်လာတာျဖစ္ႏုိင္ေၾကာင္း၊ ရွည္ရွည္ေမ်ာေမ်ာျဖစ္ေနလုိ႔ လူနဲ႔ ႐ုတ္တရက္ဆင္တူတာမ်ိဳး ျဖစ္ႏုိင္ေၾကာင္း အႀကံျပဳခဲ့ၾကပါတယ္။

လင္းေဇာ္ကို (D Khit Media)

source : Metro

ယူနီကုဒ်ဖြင့် ဖတ်ရန်-

အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ်၊ Burbank မှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးဟာ လူတစ်ဦး ကောင်းကင်မှာ စျာန်ပျံနေတဲ့ပုံကို သူရဲ့ဖုန်းနဲ့ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ သူ့အမည်ကတော့ Pablo Morales ဖြစ်ပြီး၊ သူကတော့ စျန်ပျံနေသူဟာ ယေရှုခရစ်တော် ဖြစ်လိမ့်မယ်လို့ ထင်နေပါတယ်။

Pablo က ဗွီဒီယိုရိုက်နေရင်း ” အဲဒါ ယေရှုလားမသိဘူး ..”လို့ တိုးတိုးလေး ရေရွတ်ရင်း ” ကျေးဇူးပြုပြီး အဖဘုရားသခင် … ယုံကြည်သူတို့ကို ချီးမြှောက်တော်မူပါ “ဆိုပြီး ပြောသံကို ကြားလိုက်ရပါသေးတယ်။ ဗွီဒီယိုပိုင်ရှင်ထံကို သတင်းမီဒီယာတွေက ဆက်သွယ်ခဲ့ကြပြီး-

Metro သတင်းဌာနနဲ့ တွေ့ဆုံစဉ်မှာ ” ကျွန်တော်က အိမ်အပြင်ဘက်မှာ ဘော်ဒါတစ်ယောက်နဲ့ ဆေးလိပ်သောက်နေတာ .. ကျွန်တော့် မိန်းမလည်း အနီးအနားမှာ ရှိတယ် … အဲဒီအချိန်မှာ တိမ်တိုက်ကြားမှာ တစ်ခုခု ထူးဆန်းတာ ပေါ်လာတာပဲ “လို့ ပြောခဲ့ပါတယ်။

သူက ဆက်လက်ပြီး ” အဲဒီမှာ ကျွန်တော်တို့ ကြောင်စီစီ ဖြစ်နေကြတယ် .. လူတစ်ယောက် စျာန်ပျံနေတယ်ပေါ့ … သူက တဖြည်းဖြည်း အောက်ကို လျှောဆင်းလာတယ် .. မြေပြင်ပေါ်ကို ဦးတည်လာပုံရပါတယ် … “လို့ ပြောပါတယ်။ လေထီးတပ်သားလို့ ဆိုရအောင်ကလည်း လေထီး ပါမလာပါဘူး။

Pablo က စပိန်စကားနဲ့ ” လူလည်း ဖြစ်နိုင်ပါတယ် … “လို့ ပြောပါသေးတယ်။ တစ်ချို့သောသူတွေကတော့ လေလျှော့သွားတဲ့ Airballon တစ်ခု အောက်ကို ဖြုတ်ကျလာတာဖြစ်နိုင်ကြောင်း၊ ရှည်ရှည်မျောမျောဖြစ်နေလို့ လူနဲ့ ရုတ်တရက်ဆင်တူတာမျိုး ဖြစ်နိုင်ကြောင်း အကြံပြုခဲ့ကြပါတယ်။

လင်းဇော်ကို (D Khit Media)

source : Metro