ဖခင္ျဖစ္သူနဲ႔ မျဖစ္သင့္တာျဖစ္ၿပီးေနာက္၊ ဖခင္ကိုပဲ ျပန္ၿပီးလက္ထပ္ခဲ့တဲ့ အမ်ိဳးသမီး

1384

ယေန႔ေခတ္မွာ ေမာင္နဲ႔ႏွမ၊ သားနဲ႔အမိ၊ သမီးနဲ႔ဖေအ ဇာတ္လမ္း႐ႈပ္ေတြဟာ မၾကားခ်င္ပဲ ၾကားေနရပါတယ္။ ဒါဟာ လူေတြရဲ႕ ေလာဘ၊ ေဒါသ၊ ေမာဟ အလြန္အမည္းမ်ားျပားလာျခင္းေတြရဲဲ႕ သေဘာလကၡာရပ္ေတြ ျဖစ္ပါတယ္။ အရင္တုန္းက ဒီလုိအျဖစ္ေတြ ရွိခဲ့ေပမယ့္၊ အခုေခတ္က ပုိဆုိးလာပါတယ္။

Samantha Kershner အမည္ရ အသက္(၂၁)ႏွစ္အရြယ္ အမ်ိဳးသမီးဟာ အသက္(၄၀)အရြယ္ ဖခင္ျဖစ္သူ Travis Fieldgrove ကုိ လက္ထပ္လုိက္ပါတယ္။ တကယ္ေတာ့ ဒီသတင္းဟာ ေဒသခံေတြအတြက္ မၾကားဝံ့မနာသာ ျဖစ္ေစခဲ့ေပမယ့္၊ ဒီမတိုင္ခင္မွာ ျဖစ္ထားတဲ့ အေၾကာင္းအရာေတြ ရွိေနပါေသးတယ္။

အေဖျဖစ္သူ Travis ဟာ သမီး Kershner နဲ႔ လိင္ပိုင္းဆုိင္ရာ လြန္က်ဴးခဲ့တဲ့အတြက္ ေထာင္ဒဏ္ (၂)ႏွစ္ ခ်မွတ္ခံခဲ့ရၿပီး၊ Kershner ကေတာ့ ဒီၾကမ္းၾကဳတ္လွတဲ့ လူမႈေရးျပစ္မႈေၾကာင့္ ဆုိင္းငံေထာင္ဒဏ္(၉)လ က်ခံခဲ့ရပါတယ္။ တစ္နည္းဆုိရေသာ္ Kershner ကေတာ့ ျပစ္ဒဏ္ကို ေရွာင္လႊဲႏုိင္ခဲ့တဲ့ သေဘာပါ။

Kershner ရဲ႕အဆုိအရ မေအတူဖေအကြဲ ညီမျဖစ္သူလည္း အမႈမွာပါဝင္ခဲ့ၿပီး ” ဖေအနဲ႔ ဘယ္သူက အရင္အိပ္ခြင့္ရမလဲ” ဆုိၿပီး အေလာင္းအစားလုပ္ခဲ့ရာက အခုလိုေတြ ျဖစ္လာခဲ့တာလုိ႔ ေျပာပါတယ္။ ညီမျဖစ္သူကေတာ့ အမႈကေန ကြင္းလုံးကၽြတ္လြတ္ခဲ့ပါတယ္။ Kershner နဲ႔ Travis ဟာ အယူခံေတြ တင္ခဲ့ၿပီး-

Travis က ေထာင္(၂)ႏွစ္၊ Kershner က ဆုိင္းငံ့ေထာင္ဒဏ္ေတြ က်ခံခဲ့ရေပမယ့္ အျပင္ျပန္ေရာက္လာေတာ့ Hastings, Adams County မွာ သူတုိ႔တစ္ေတြ လက္ထပ္လုိက္ၾကပါတယ္။ ဒီလုိ လုပ္ရပ္ေတြေၾကာင့္ ေဒသခံေတြက ေဝဖန္သံေတြ ညံေနေပမယ့္ အခုထက္ထိ သက္ဆုိင္ရာက တုန္႔ျပန္မႈ မရွိပါဘူး။

Kershner ရဲ႕အဆုိအရ သူမရဲ႕ဖခင္အရင္းျဖစ္တဲ့ Travis ကုိ သူမ အသက္ (၁၇)ႏွစ္မွ ပထမဆုံး စတင္ျမင္ဖူးခဲ့တာျဖစ္ေၾကာင္း၊ Travis တုိ႔ဟာ သေဘာထားမတုိက္ဆုိင္လုိ႔ ဆယ္စုႏွစ္ ႏွစ္စုေလာက္ ေတြ႕ဆုံျခင္း မရွိခဲ့ပါဘူး။ အဲဒီလုိ ပထမဆုံးေတြ႕ၿပီးေနာက္ Travis နဲ႔ Kershner တုိ႔ ဆက္ဆံေရးက-

သမီးအေဖ ဆက္ဆံေရးမဟုတ္ေတာ့ဘဲ ထူးဆန္းတဲ့ အျပဴအမူေတြ ျပဳလုပ္လာလုိ႔ မိခင္ျဖစ္သူက အမ်ိဳးမ်ိးေျဖာင္းျပေပမယ့္ Kershner က Travis ဟာ သူမရဲ႕ အေဖအရင္းမဟုတ္ဘူးလုိ႔ ယုံၾကည္ခဲ့ပါတယ္။ ဒီလုိနဲ႔ လက္လြန္ေျခလြန္ေတြ ျဖစ္လာတဲ့ခါ မိခင္က DNA စစ္ခ်က္ျပခဲ့ရာ၊ သူမရဲ႕အေဖအရင္း ျဖစ္ေနတယ္ဆုိတာ သိလုိက္တာပါ။

ဒါေပမယ့္ ေနာက္ဆုံးေတာ့ သူတုိ႔ႏွစ္ေယာက္ဟာ ေလာကႀကီးနဲ႔ အရြဲ႕တုိက္ကင္းကြာၿပီး ႏွစ္ေယာက္တစ္ဘဝ ထူေထာင္ဖုိ႔ ဆုံးျဖတ္လုိက္ပါတယ္။ အခုလုိ ျဖစ္လာေစဖုိ႔ တြန္းအားေပးခဲ့သူကေတာ့ မေအတူဖေအကြဲ ညီမက ေျမႇာက္ေပးလုိ႔ကတစ္ေၾကာင္း-

သူမနဲ႔ Travis တုိ႔ နီးစပ္သြားမွာကို Kershner က မလုိလားတာကတစ္ေၾကာင္း စတဲ့အခ်က္ေတြ အေျခခံ ျဖစ္လာတာလုိ႔ ဆုိပါတယ္။ Kershner မွာ မိခင္ရဲ႕ဒုတိယအိမ္ေထာင္နဲ႔ရတဲ့ ညီမေလးလည္းရွိၿပီး၊ သူတုိ႔ႏွစ္ေယာက္ဟာ အစကတည္းက ပုဂၢိဳလ္ေရးအရ ၿပိဳင္ဆုိင္မႈျပင္းထန္လုိ႔၊ Kershner က ရြဲ႕လုပ္ခဲ့တာလုိ႔လည္း ေကာက္ခ်က္ခ်ေနပါတယ္။

ေနသူရိန္ (D Khit Media)

source : Metro

ယူနီကုဒ်ဖြင့် ဖတ်ရန်-

ယနေ့ခေတ်မှာ မောင်နဲ့နှမ၊ သားနဲ့အမိ၊ သမီးနဲ့ဖအေ ဇာတ်လမ်းရှုပ်တွေဟာ မကြားချင်ပဲ ကြားနေရပါတယ်။ ဒါဟာ လူတွေရဲ့ လောဘ၊ ဒေါသ၊ မောဟ အလွန်အမည်းများပြားလာခြင်းတွေရဲဲ့ သဘောလက္ခာရပ်တွေ ဖြစ်ပါတယ်။ အရင်တုန်းက ဒီလိုအဖြစ်တွေ ရှိခဲ့ပေမယ့်၊ အခုခေတ်က ပိုဆိုးလာပါတယ်။

Samantha Kershner အမည်ရ အသက်(၂၁)နှစ်အရွယ် အမျိုးသမီးဟာ အသက်(၄၀)အရွယ် ဖခင်ဖြစ်သူ Travis Fieldgrove ကို လက်ထပ်လိုက်ပါတယ်။ တကယ်တော့ ဒီသတင်းဟာ ဒေသခံတွေအတွက် မကြားဝံ့မနာသာ ဖြစ်စေခဲ့ပေမယ့်၊ ဒီမတိုင်ခင်မှာ ဖြစ်ထားတဲ့ အကြောင်းအရာတွေ ရှိနေပါသေးတယ်။

အဖေဖြစ်သူ Travis ဟာ သမီး Kershner နဲ့ လိင်ပိုင်းဆိုင်ရာ လွန်ကျူးခဲ့တဲ့အတွက် ထောင်ဒဏ် (၂)နှစ် ချမှတ်ခံခဲ့ရပြီး၊ Kershner ကတော့ ဒီကြမ်းကြုတ်လှတဲ့ လူမှုရေးပြစ်မှုကြောင့် ဆိုင်းငံထောင်ဒဏ်(၉)လ ကျခံခဲ့ရပါတယ်။ တစ်နည်းဆိုရသော် Kershner ကတော့ ပြစ်ဒဏ်ကို ရှောင်လွှဲနိုင်ခဲ့တဲ့ သဘောပါ။

Kershner ရဲ့အဆိုအရ မအေတူဖအေကွဲ ညီမဖြစ်သူလည်း အမှုမှာပါဝင်ခဲ့ပြီး ” ဖအေနဲ့ ဘယ်သူက အရင်အိပ်ခွင့်ရမလဲ” ဆိုပြီး အလောင်းအစားလုပ်ခဲ့ရာက အခုလိုတွေ ဖြစ်လာခဲ့တာလို့ ပြောပါတယ်။ ညီမဖြစ်သူကတော့ အမှုကနေ ကွင်းလုံးကျွတ်လွတ်ခဲ့ပါတယ်။ Kershner နဲ့ Travis ဟာ အယူခံတွေ တင်ခဲ့ပြီး-

Travis က ထောင်(၂)နှစ်၊ Kershner က ဆိုင်းငံ့ထောင်ဒဏ်တွေ ကျခံခဲ့ရပေမယ့် အပြင်ပြန်ရောက်လာတော့ Hastings, Adams County မှာ သူတို့တစ်တွေ လက်ထပ်လိုက်ကြပါတယ်။ ဒီလို လုပ်ရပ်တွေကြောင့် ဒေသခံတွေက ဝေဖန်သံတွေ ညံနေပေမယ့် အခုထက်ထိ သက်ဆိုင်ရာက တုန့်ပြန်မှု မရှိပါဘူး။

Kershner ရဲ့အဆိုအရ သူမရဲ့ဖခင်အရင်းဖြစ်တဲ့ Travis ကို သူမ အသက် (၁၇)နှစ်မှ ပထမဆုံး စတင်မြင်ဖူးခဲ့တာဖြစ်ကြောင်း၊ Travis တို့ဟာ သဘောထားမတိုက်ဆိုင်လို့ ဆယ်စုနှစ် နှစ်စုလောက် တွေ့ဆုံခြင်း မရှိခဲ့ပါဘူး။ အဲဒီလို ပထမဆုံးတွေ့ပြီးနောက် Travis နဲ့ Kershner တို့ ဆက်ဆံရေးက-

သမီးအဖေ ဆက်ဆံရေးမဟုတ်တော့ဘဲ ထူးဆန်းတဲ့ အပြူအမူတွေ ပြုလုပ်လာလို့ မိခင်ဖြစ်သူက အမျိုးမျိးဖြောင်းပြပေမယ့် Kershner က Travis ဟာ သူမရဲ့ အဖေအရင်းမဟုတ်ဘူးလို့ ယုံကြည်ခဲ့ပါတယ်။ ဒီလိုနဲ့ လက်လွန်ခြေလွန်တွေ ဖြစ်လာတဲ့ခါ မိခင်က DNA စစ်ချက်ပြခဲ့ရာ၊ သူမရဲ့အဖေအရင်း ဖြစ်နေတယ်ဆိုတာ သိလိုက်တာပါ။

ဒါပေမယ့် နောက်ဆုံးတော့ သူတို့နှစ်ယောက်ဟာ လောကကြီးနဲ့ အရွဲ့တိုက်ကင်းကွာပြီး နှစ်ယောက်တစ်ဘဝ ထူထောင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အခုလို ဖြစ်လာစေဖို့ တွန်းအားပေးခဲ့သူကတော့ မအေတူဖအေကွဲ ညီမက မြှောက်ပေးလို့ကတစ်ကြောင်း-

သူမနဲ့ Travis တို့ နီးစပ်သွားမှာကို Kershner က မလိုလားတာကတစ်ကြောင်း စတဲ့အချက်တွေ အခြေခံ ဖြစ်လာတာလို့ ဆိုပါတယ်။ Kershner မှာ မိခင်ရဲ့ဒုတိယအိမ်ထောင်နဲ့ရတဲ့ ညီမလေးလည်းရှိပြီး၊ သူတို့နှစ်ယောက်ဟာ အစကတည်းက ပုဂ္ဂိုလ်ရေးအရ ပြိုင်ဆိုင်မှုပြင်းထန်လို့၊ Kershner က ရွဲ့လုပ်ခဲ့တာလို့လည်း ကောက်ချက်ချနေပါတယ်။

နေသူရိန် (D Khit Media)

source : Metro