ပန္းခ်ီဆရာႀကီးဗန္ဂုိး ေသေၾကာင္းႀကံစည္စဥ္ အသုံးျပဳခဲ့တဲ့ေသနတ္ကို ေလလံတင္ေရာင္းခ်

254

ကမာၻေက်ာ္ ဒက္ခ်္ပန္းခ်ီဆရာႀကီး ဗင့္ဆင့္ဗန္ဂုိးကိုေတာ့ အားလုံး သိၾကလိမ့္မယ္ ထင္ပါတယ္။ သူဟာ အသက္(၃၇)ႏွစ္မွာပဲ မိမိကိုယ္ကုိ အဆုံးစီရင္သြားခဲ့တာပါ။ အခု သူ အဆုံးစီရင္စဥ္မွာ အသုံးျပဳခဲ့တဲ့ (၇မမ) ေျခာက္လုံးျပဴးကို ေလလံတင္ေရာင္းခ်လုိက္ပါၿပီ။

ေရာင္းေစ်းကေတာ့ ေပါင္ (၁၄၀၀၀၀) အထိ ရရွိခဲ့ၿပီး၊ ၾကမ္းခင္းေစ်းထက္ အစေပါင္းမ်ားစြာ ရခဲ့တာပါ။ ေလလံမၿပီးခင္တုန္းက ဒီေသနတ္ကို ေပါင္ (၅၃၀၀၀)ေလာက္ပဲ ရမယ္လုိ႔ထင္ခဲ့ေပမယ့္၊ ေပါင္ (၁၅၀၀၀၀)နီးပါးအထိ ရခဲ့တာေၾကာင့္ အေတာ္ေလး အံ့ၾသစရာပါဘဲ။

ဗန္ဂုိးဟာ မိမိကိုယ္ကုိ ေသေၾကာင္းမႀကံခင္ (၆)ႏွစ္ေလာက္အတြင္းမွာ အေတာ္ေလး စိတ္အာ႐ုံ လြင့္ပ်ံေနၿပီး၊ စိတ္ဓာတ္က်ဆင္းတဲ့ေရာဂါကို ခံစားခဲ့ရတယ္လုိ႔ သိရပါတယ္။ သူဟာ ဒီမတုိင္ခင္က ကမာၻေက်ာ္ပန္းခ်ီဆရာတစ္ဦးျဖစ္တဲ့ ေပါလ္ေဂၚဂင္နဲ႔ အခ်င္းမ်ားခဲ့ၿပီး-

ဓားနဲ႔ သူ႕ ဘယ္ဘက္နားရြက္ကုိ သူျဖတ္ျပခဲ့ေသးတယ္လုိ႔ သိရပါတယ္။ ဒါကို ေႏွာင္းေခတ္လူေတြက အမွတ္မွားၿပီး၊ သူ႕ေကာင္မေလးက နားရြက္ကေလးက လွလုိက္တာလုိ႔ ေျပာလုိ႔၊ လုိခ်င္ ယူသြားေလဆုိၿပီး ျဖတ္ေပးလိုက္တာလုိ႔ ထင္ေနၾကတာပါ။

သူဟာ ေသေၾကာင္းမႀကံစည္ခင္ ေျခာက္ရက္အလုိမွာ ထမင္းဆုိင္ပိုင္ရွင္ Arthur Ravoux ကုိ သြားေတြ႕ခဲ့ပါတယ္။ သက္(၁၃)ႏွစ္အရြယ္ သမီးျဖစ္သူ Adeline ကိုပါ ေခၚသြားၿပီး Arthur ကို အပ္ႏွံကာ၊ သိပ္မၾကာခင္မွာ သူ ထြက္သြားေတာ့မွာျဖစ္ေၾကာင္း၊ သမီးကို ေစာင့္ေရွာက္ဖုိ႔ အပ္ႏွံခဲ့တာပါ။

ဗန္ဂုိးဟာ ပဲရစ္ၿမိဳ႕အနီးက Auvers-sur-Oise မွာတည္ရွိတဲ့ လယ္ကြင္းျပင္က တဲတစ္လုံးမွာ သြားေရာက္ေနထုိင္ၿပီး၊ ပန္းခ်ီကား (၈၀)ေက်ာ္ ဖန္တီးခဲ့ပါေသးတယ္။ ႏွစ္ရက္အၾကာမွာ သူ႕ရင္ဘတ္ကို ေသနတ္ေျပာင္းနဲ႔ေတ့ၿပီး သတ္ေသသြားတာပါ။ အဲဒီေသနတ္ကို ယခင္က Amsterdam က Van Gogh Museum မွာ ျပသထားခဲ့ပါတယ္။

အခု ဝယ္သြားတဲ့ပုိင္ရွင္ရဲ႕အမည္ကို ေလလံတာဝန္ရွိသူေတြက မထုတ္ျပန္ခဲ့ပါဘူး။ ေသနတ္အမ်ိဳးအစားကေတာ့ (7mm) Lefaucheux ျဖစ္ပါတယ္။ ဒီေသနတ္ကေလးဟာ သမုိင္းမွာ ဂႏၳဝင္အျဖစ္ က်န္ရစ္ခဲ့မယ့္ ပန္းခ်ီဆရာႀကီးရဲ႕အသက္ကို ႏႈတ္ယူခဲ့တဲ့ သမုိင္းဝင္ ေသနတ္ေလးပါ။

လင္းေဇာ္ကို (D Khit Media)

source : The Sun

ယူနီကုဒ်ဖြင့် ဖတ်ရန်-

ကမ္ဘာကျော် ဒက်ချ်ပန်းချီဆရာကြီး ဗင့်ဆင့်ဗန်ဂိုးကိုတော့ အားလုံး သိကြလိမ့်မယ် ထင်ပါတယ်။ သူဟာ အသက်(၃၇)နှစ်မှာပဲ မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့တာပါ။ အခု သူ အဆုံးစီရင်စဉ်မှာ အသုံးပြုခဲ့တဲ့ (၇မမ) ခြောက်လုံးပြူးကို လေလံတင်ရောင်းချလိုက်ပါပြီ။

ရောင်းစျေးကတော့ ပေါင် (၁၄၀၀၀၀) အထိ ရရှိခဲ့ပြီး၊ ကြမ်းခင်းစျေးထက် အစပေါင်းများစွာ ရခဲ့တာပါ။ လေလံမပြီးခင်တုန်းက ဒီသေနတ်ကို ပေါင် (၅၃၀၀၀)လောက်ပဲ ရမယ်လို့ထင်ခဲ့ပေမယ့်၊ ပေါင် (၁၅၀၀၀၀)နီးပါးအထိ ရခဲ့တာကြောင့် အတော်လေး အံ့သြစရာပါဘဲ။

ဗန်ဂိုးဟာ မိမိကိုယ်ကို သေကြောင်းမကြံခင် (၆)နှစ်လောက်အတွင်းမှာ အတော်လေး စိတ်အာရုံ လွင့်ပျံနေပြီး၊ စိတ်ဓာတ်ကျဆင်းတဲ့ရောဂါကို ခံစားခဲ့ရတယ်လို့ သိရပါတယ်။ သူဟာ ဒီမတိုင်ခင်က ကမ္ဘာကျော်ပန်းချီဆရာတစ်ဦးဖြစ်တဲ့ ပေါလ်ဂေါ်ဂင်နဲ့ အချင်းများခဲ့ပြီး-

ဓားနဲ့ သူ့ ဘယ်ဘက်နားရွက်ကို သူဖြတ်ပြခဲ့သေးတယ်လို့ သိရပါတယ်။ ဒါကို နှောင်းခေတ်လူတွေက အမှတ်မှားပြီး၊ သူ့ကောင်မလေးက နားရွက်ကလေးက လှလိုက်တာလို့ ပြောလို့၊ လိုချင် ယူသွားလေဆိုပြီး ဖြတ်ပေးလိုက်တာလို့ ထင်နေကြတာပါ။

သူဟာ သေကြောင်းမကြံစည်ခင် ခြောက်ရက်အလိုမှာ ထမင်းဆိုင်ပိုင်ရှင် Arthur Ravoux ကို သွားတွေ့ခဲ့ပါတယ်။ သက်(၁၃)နှစ်အရွယ် သမီးဖြစ်သူ Adeline ကိုပါ ခေါ်သွားပြီး Arthur ကို အပ်နှံကာ၊ သိပ်မကြာခင်မှာ သူ ထွက်သွားတော့မှာဖြစ်ကြောင်း၊ သမီးကို စောင့်ရှောက်ဖို့ အပ်နှံခဲ့တာပါ။

ဗန်ဂိုးဟာ ပဲရစ်မြို့အနီးက Auvers-sur-Oise မှာတည်ရှိတဲ့ လယ်ကွင်းပြင်က တဲတစ်လုံးမှာ သွားရောက်နေထိုင်ပြီး၊ ပန်းချီကား (၈၀)ကျော် ဖန်တီးခဲ့ပါသေးတယ်။ နှစ်ရက်အကြာမှာ သူ့ရင်ဘတ်ကို သေနတ်ပြောင်းနဲ့တေ့ပြီး သတ်သေသွားတာပါ။ အဲဒီသေနတ်ကို ယခင်က Amsterdam က Van Gogh Museum မှာ ပြသထားခဲ့ပါတယ်။

အခု ဝယ်သွားတဲ့ပိုင်ရှင်ရဲ့အမည်ကို လေလံတာဝန်ရှိသူတွေက မထုတ်ပြန်ခဲ့ပါဘူး။ သေနတ်အမျိုးအစားကတော့ (7mm) Lefaucheux ဖြစ်ပါတယ်။ ဒီသေနတ်ကလေးဟာ သမိုင်းမှာ ဂန္ထဝင်အဖြစ် ကျန်ရစ်ခဲ့မယ့် ပန်းချီဆရာကြီးရဲ့အသက်ကို နှုတ်ယူခဲ့တဲ့ သမိုင်းဝင် သေနတ်လေးပါ။

လင်းဇော်ကို (D Khit Media)

source : The Sun