ဂျပန်အပြာမင်းသမီးချော မီကာကိုအဘီးပြောပြတဲ့ သူမတို့ရဲ့ သိုင်းလောကအကြောင်း

1284






ဗေထိ (D Khit Media)

source : YouTube

ယူနီကုဒ်ဖြင့် ဖတ်ရန်-

ဂျပန်အပြာလောကမှာ နာမည်တစ်လုံးနဲ့ အခုအချိန်ထိလည်း အမျိုးသားကြီးရဲ့ အားပေးမှုအပြည့်အဝ ရထားတဲ့ ဂျပန်အပြာမယ် Mikako Abe ကို ဂျပန်ရုပ်သံတစ်ခုက အင်တာဗျူးပြုလုပ်ခဲ့ပါတယ်။ သူမဟာ အသက်(၂၄)နှစ် ရှိပြီဖြစ်ကြောင်း၊ ဂျပန်အပြာမယ်ဖြစ်ကြောင်း Abe က မိတ်ဆက်ခဲ့ပါတယ်။

သူမဟာ အသက်(၂၄)နှစ်ဆိုပေမယ့် အပြာလောကမှာတော့ နည်းနည်း အိုစာလာတဲ့အပိုင်းကို ရောက်နေပြီလို့ Abe က ပြောပါတယ်။ အင်တာဗျူးဆရာက ဒါပေမယ့် ခင်ဗျားအရွယ်တင်တာပဲလို့ ပြောခဲ့တော့၊ အဲဒီလိုထင်တဲ့လူတွေလည်း မနည်းပါဘူး-လို့ Abe က ရယ်ရယ်မောမောနဲ့ တုန့်ပြန်ခဲ့ပါတယ်။

Abe ဟာ အသက်(၁၈)နှစ်ကတည်းက အပြာလောကထဲကို ဝင်ရောက်လာသူဖြစ်ပြီး၊ အခုဆို လုပ်သက် (၆)နှစ်ကျော်ပါပြီ။ သူမဟာ ဒီလောကထဲကို ရွေးချယ်ဖြစ်ခဲ့ပုံက လူတွေ စိတ်ဝင်စားတဲ့အကြောင်းအရာဖြစ်နေလို့ သူမလည်း လုပ်ချင်စိတ်ရှိလာတာလို့ ပြောပါတယ်။

အပြာလောကထဲကို ဝင်ရောက်ချိန်မှာပဲ ပျော်ရွှင်မှုနဲ့ ဒီထက်ပိုပြီးကောင်းတဲ့ စိတ်ဝင်စားစရာတွေ တွေ့လာခဲ့ရပါတယ်တဲ့။ ဒီအလုပ်ကို တကယ်လုပ်ရချိန်မှာတော့ လူတွေက ကျွန်မကို ကြည့်နေကြပြီဆိုတဲ့ ကျေနပ်စိတ်ကလေး ဖြစ်ပေါ်လာခဲ့တယ်လို့ ပြောပါတယ်။ ဒီတော့ ရှက်နေတဲ့ကြားက ပျော်ပါတယ်တဲ့။

ကနဦးတော့ လူတွေအများကြီးရှေ့မှာ သရုပ်ဆောင်ရတာကို ရှက်ပေမယ့် အခုတော့ ဝါရင့်နေပါပြီတဲ့။ သူမ ဒီလောကထဲကိုရောက်လာချိန် ဘယ်သူ့ကိုမှ မပြောခဲ့ပါဘူးတဲ့။ နောက်တော့ သူငယ်ချင်းတွေကလည်း သိသွားခဲ့ပြီး၊ ဒီလောကက ထွက်ဖို့ကိုလည်း မတိုက်တွန်းကြပါဘူးတဲ့။ အသေးစိတ်ကိုတော့ ဗွီဒီယိုထဲမှာ ဆက်ကြည့်လိုက်ကြပေတော့ဗျာ။

ဗေထိ (D Khit Media)

source : YouTube