အိမ္ေထာင္သည္ေတြ ေဖာက္ျပန္ရျခင္းရဲ႕ အေၾကာင္းရင္း (၅)ခ်က္

609

အိမ္သည္ေတြဆုိေပမယ့္ အိမ္ေထာင္သည္တုိင္း ေဖာက္ျပန္တာေတာ့ မဟုတ္ပါဘူး။ အနည္းစုကေတာ့ အမ်ားေျပာေျပာေနတဲ့ ၿခံခုန္ျခင္း စႏုိက္ေၾကာ္ျခင္းမွာ ေပ်ာ္ေမြ႕ေနတတ္ပါတယ္။ လူလြတ္ဘဝမွာ ရည္းစားမ်ားတာ ဘာညာကိစၥကို မေျပာလုိေပမယ့္ အိမ္ေထာင္သည္ဘဝမွာေတာ့ အရာရာ ပ်က္စီးသြားႏုိင္ပါတယ္။ ဘာေၾကာင့္ သူတုိ႔ ေဖာက္ျပန္ၾကတာလဲ ?

(၁) စိတ္ထြက္ေပါက္အျဖစ္

စိတ္ထြက္ေပါက္ ရွာသူေတြဟာ အမ်ားအားျဖင့္ေတာ့ အလုပ္ဒဏ္ပိေနတဲ့သူေတြ မ်ားပါတယ္။ သူတုိ႔တစ္ေတြဟာ တစ္ေနကုန္ အလုပ္ထဲမွာ ညည္းေငြ႕စြာ အလုပ္လုပ္ၾကရင္း၊ စိတ္ထဲမွာ တင္းၾကပ္တာေတြ မ်ားလာတဲ့အခါ စိတ္ထြက္ေပါက္ သာယာရာကုိ ရွာတတ္ၾကပါတယ္။

(၂) မိမိကုိယ္ကို ျပန္ငယ္ေစဖုိ႔

တစ္ခ်ိဳ႕က အိမ္ေထာင္ေရးေဖာက္ျပန္ရျခင္းရဲ႕ အျခားတစ္ဖက္မွာ ကုိယ့္ကိုယ္ကို ဆယ္ေက်ာ္သက္ေလးေတြလုိ ေပ်ာ္ရႊင္လြပ္လပ္သြားတယ္လုိ႔ ခံစားၾကေလ့ရွိပါတယ္။ ဘယ္လုိ လူမ်ိဳးေတြ အျဖစ္မ်ားသလဲဆုိရင္ အၿမဲအလုိလုိက္ခံရတာကို ႀကိဳက္ႏွစ္သက္သူေတြ၊ မိသားစုထက္ အေပါင္းအသင္းကို ပုိခင္တြယ္သူေတြက ဒီလုိ ျဖစ္ေလ့ရွိပါတယ္တဲ့။

(၃) အိမ္ေထာင္ေရးအဆင္မေျပလာတဲ့အခါ

အိမ္ေထာင္ေရးအဆင္မေျပတာကေတာ့ အေၾကာင္းျပခ်က္ အမ်ိဳးမ်ိဳးေၾကာင့္ ျဖစ္ႏုိင္ပါတယ္။ စီးပြားေရး၊ လူမႈေရး စသည္ဘက္မွာ အားနည္းခ်က္ေတြ ရွိလာရင္ ျဖစ္တတ္တာပါ။ တစ္ခ်ိဳ႕က ေငြေလးေၾကးေလး ရွိၿပီဆုိရင္ ဒီဘက္ကုိ ပုိၿပီးအားသန္တဲ့မသိစိတ္ကို ေသာ့ဖြင့္ေပးလုိက္သလုိ ျဖစ္ေစတတ္ပါတယ္။

(၄) အိမ္ေထာင္ဘက္က လစ္လွ်ဴ႐ႈတယ္လုိ႔ ခံစားရတဲ့အခါ

အိမ္ေထာင္ဘက္နဲ႔ ကိုယ့္ၾကားမွာ တံတုိင္းတစ္ခု ျခားေနသလုိ ခံစားရတဲ့အခါ၊ ဒါမွမဟုတ္ ေမးထူးေခၚေျပာအဆင့္ေလာက္ပဲ တစ္ေယာက္နဲ႔တစ္ေယာက္ ရန္ညႇိဳးေတြ၊ ထိန္းခ်ဳဳပ္စိတ္ေတြ၊ တက္မက္သာယာမႈေတြ ကင္းလာတဲ့အခါမ်ိးမွာ ၿခံခုန္တတ္ပါတယ္။ လင္နဲ႔မယားဆုိတာ ေအးစက္တဲ့ဆက္ဆံေရး မရွိသင့္တဲ့သူေတြပါ။

(၅) အရြဲ႕တုိက္ခ်င္လုိ႔

ေနာက္ဆုံးတစ္ခ်က္ကေတာ့ အရြဲ႕တုိက္ခ်င္တာပါဘဲ။ အရြဲ႕တုိက္တဲ့ အေျခအေနကလည္း အမ်ားႀကီးရွိပါတယ္။ သူရြဲ႕လုိ႔ ကုိယ္ရြဲ႕တာမ်ိဳး၊ သူက မခံခ်င္ေအာင္လုပ္လုိ႔ ကိုယ္က တမင္ရြဲ႕တာမ်ိဳး၊ သူက ခ်ဳပ္ခ်ယ္လုိ႔ ရြဲ႕တာမ်ိဳး အစရွိသျဖင့္ အေျခအေနေတြ အမ်ားႀကီး ရွိတတ္ပါတယ္။ ကိုယ့္အိမ္ေထာင္ဘက္ကုိ အၿမဲဂ႐ုစုိက္ ၾကင္နာဖုိ႔ မေမ့ပါနဲ႔။

လင္းေဇာ္ကို (D Khit Media)

source : Powerfulmind

ယူနီကုဒ်ဖြင့် ဖတ်ရန်-

အိမ်သည်တွေဆိုပေမယ့် အိမ်ထောင်သည်တိုင်း ဖောက်ပြန်တာတော့ မဟုတ်ပါဘူး။ အနည်းစုကတော့ အများပြောပြောနေတဲ့ ခြံခုန်ခြင်း စနိုက်ကြော်ခြင်းမှာ ပျော်မွေ့နေတတ်ပါတယ်။ လူလွတ်ဘဝမှာ ရည်းစားများတာ ဘာညာကိစ္စကို မပြောလိုပေမယ့် အိမ်ထောင်သည်ဘဝမှာတော့ အရာရာ ပျက်စီးသွားနိုင်ပါတယ်။ ဘာကြောင့် သူတို့ ဖောက်ပြန်ကြတာလဲ ?

(၁) စိတ်ထွက်ပေါက်အဖြစ်

စိတ်ထွက်ပေါက် ရှာသူတွေဟာ အများအားဖြင့်တော့ အလုပ်ဒဏ်ပိနေတဲ့သူတွေ များပါတယ်။ သူတို့တစ်တွေဟာ တစ်နေကုန် အလုပ်ထဲမှာ ညည်းငွေ့စွာ အလုပ်လုပ်ကြရင်း၊ စိတ်ထဲမှာ တင်းကြပ်တာတွေ များလာတဲ့အခါ စိတ်ထွက်ပေါက် သာယာရာကို ရှာတတ်ကြပါတယ်။

(၂) မိမိကိုယ်ကို ပြန်ငယ်စေဖို့

တစ်ချို့က အိမ်ထောင်ရေးဖောက်ပြန်ရခြင်းရဲ့ အခြားတစ်ဖက်မှာ ကိုယ့်ကိုယ်ကို ဆယ်ကျော်သက်လေးတွေလို ပျော်ရွှင်လွပ်လပ်သွားတယ်လို့ ခံစားကြလေ့ရှိပါတယ်။ ဘယ်လို လူမျိုးတွေ အဖြစ်များသလဲဆိုရင် အမြဲအလိုလိုက်ခံရတာကို ကြိုက်နှစ်သက်သူတွေ၊ မိသားစုထက် အပေါင်းအသင်းကို ပိုခင်တွယ်သူတွေက ဒီလို ဖြစ်လေ့ရှိပါတယ်တဲ့။

(၃) အိမ်ထောင်ရေးအဆင်မပြေလာတဲ့အခါ

အိမ်ထောင်ရေးအဆင်မပြေတာကတော့ အကြောင်းပြချက် အမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ စီးပွားရေး၊ လူမှုရေး စသည်ဘက်မှာ အားနည်းချက်တွေ ရှိလာရင် ဖြစ်တတ်တာပါ။ တစ်ချို့က ငွေလေးကြေးလေး ရှိပြီဆိုရင် ဒီဘက်ကို ပိုပြီးအားသန်တဲ့မသိစိတ်ကို သော့ဖွင့်ပေးလိုက်သလို ဖြစ်စေတတ်ပါတယ်။

(၄) အိမ်ထောင်ဘက်က လစ်လျှူရှုတယ်လို့ ခံစားရတဲ့အခါ

အိမ်ထောင်ဘက်နဲ့ ကိုယ့်ကြားမှာ တံတိုင်းတစ်ခု ခြားနေသလို ခံစားရတဲ့အခါ၊ ဒါမှမဟုတ် မေးထူးခေါ်ပြောအဆင့်လောက်ပဲ တစ်ယောက်နဲ့တစ်ယောက် ရန်ညှိုးတွေ၊ ထိန်းချုုပ်စိတ်တွေ၊ တက်မက်သာယာမှုတွေ ကင်းလာတဲ့အခါမျိးမှာ ခြံခုန်တတ်ပါတယ်။ လင်နဲ့မယားဆိုတာ အေးစက်တဲ့ဆက်ဆံရေး မရှိသင့်တဲ့သူတွေပါ။

(၅) အရွဲ့တိုက်ချင်လို့

နောက်ဆုံးတစ်ချက်ကတော့ အရွဲ့တိုက်ချင်တာပါဘဲ။ အရွဲ့တိုက်တဲ့ အခြေအနေကလည်း အများကြီးရှိပါတယ်။ သူရွဲ့လို့ ကိုယ်ရွဲ့တာမျိုး၊ သူက မခံချင်အောင်လုပ်လို့ ကိုယ်က တမင်ရွဲ့တာမျိုး၊ သူက ချုပ်ချယ်လို့ ရွဲ့တာမျိုး အစရှိသဖြင့် အခြေအနေတွေ အများကြီး ရှိတတ်ပါတယ်။ ကိုယ့်အိမ်ထောင်ဘက်ကို အမြဲဂရုစိုက် ကြင်နာဖို့ မမေ့ပါနဲ့။

လင်းဇော်ကို (D Khit Media)

source : Powerfulmind