ဧရာမမိကျောင်းကြီးကို ညှို့ယူပြီး မရမကမျိုခဲ့တဲ့ စပါးအုံးမြွေကြီး

377

အစားအေသာက္မွာ ေလာဘႀကီးတဲ့ စပါးအုံးေျမြႀကီးေတြဟာ တစ္ခါတေလက်ေတာ့လည္း သူတုိ႔ခမ်ာ အစာေၾကာင့္ အသက္ေပးရတာမ်ိဳးလည္း ရွိတတ္ပါတယ္။ လြန္ခဲ့တဲ့ႏွစ္ေလာက္က သမင္တစ္ေကာင္ကို မ်ိဳမိတဲ့ စပါးအုံးေျမြဟာ သမင္ခ်ိဳက ဗုိက္ထဲမွာ ဒုကၡေပးလုိ႔ အသက္ေသခဲ့ရတဲ့ ျဖစ္ခဲ့ဖူးပါတယ္။

တစ္ခါတေလ စပါးအုံးေျမြေတြဟာ သူတုိ႔မ်ိဳထားတဲ့သတၱဝါကို အစာေခ်ဖ်က္ႏုိင္ျခင္းမရွိဘူးဆုိရင္ ျပန္ၿပီးအန္ထုတ္ကာ ကုိယ့္အသက္ကို အခ်ိန္မီကာကြယ္ရတာမ်ိဳးလည္း ရွိပါတယ္။ အခု ဓာတ္ပုံေတြကေတာ့ သဘာဝသား႐ုိင္းဓာတ္ပုံဆရာ Martin Miller က ႐ုိက္ယူခဲ့တဲ့ ဓာတ္ပုံေတြပါ။

Martin Miller ဟာ ၾသစေတးလ်ႏုိင္ငံ၊ ကြင္းစ္လန္း သဘာဝေဘးမဲ့ေတာႀကီးတစ္ခုကို ေရာက္ရွိစဥ္မွာ အခုလုိ ၾကမ္းတမ္းတဲ့ သား႐ုိင္းတိရစာၦန္ေတြရဲ႕ သဘာဝကို မွတ္တမ္းတင္ႏုိင္ခဲ့တာပါ။ စပါးအုံးေျမြႀကီးကေတာ့ Olive Python မ်ိဳးစိတ္ျဖစ္ၿပီး၊ အရြယ္အားျဖင့္ (၁၃)ေပအထိ ရွည္ႏုိင္တယ္လုိ႔ သိရပါတယ္။

စပါးအုံးေျမြမ်ိဳးစိတ္ထဲမွာေတာ့ Olive မ်ိဳးစိတ္ဟာ အနည္းငယ္ ေသးသေယာင္ရွိတဲ့ မ်ိဳးစိတ္ပါ။ ဒါေပမယ့္ ေမး႐ုိးအက်ယ္နဲ႔ ဖြဲ႕စည္းမႈအားက တစ္ျခားမ်ိဳးစိတ္ေတြထက္ ေကာင္းလြန္လုိ႔ သူတုိ႔ခႏၶာကုိယ္ေလာက္ရွိတဲ့သတၱဝါမ်ိဳးကို ေကာင္းေကာင္း မ်ိဳႏုိင္တယ္လုိ႔ သိရပါတယ္။

Miler ရဲ႕အဆုိအရ ဒီဓာတ္ပုံေတြကုိ သူ ေခ်ာင္းထဲမွာ ေလွေလွာ္ထြက္စဥ္ ထင္မွတ္မထားဘဲ ႐ုိက္ကူးခြင့္ရခဲ့တာလုိ႔ ဆုိပါတယ္။ သူ႕ရဲ႕ ဓာတ္ပုံေတြကို ျပန္လည္မွ်ေဝသူ (၂၇၀၀၀)အထိ ရွိခဲ့ၿပီး၊ မွတ္ခ်က္ေရးသူ (၁၅၀၀၀)အထိ ရွိခဲ့ေၾကာင္း သိရပါတယ္။

လင္းေဇာ္ကို (D Khit Media)

ယူနီကုဒ်ဖြင့် ဖတ်ရန်-

အစားအသောက်မှာ လောဘကြီးတဲ့ စပါးအုံးမြွေကြီးတွေဟာ တစ်ခါတလေကျတော့လည်း သူတို့ခမျာ အစာကြောင့် အသက်ပေးရတာမျိုးလည်း ရှိတတ်ပါတယ်။ လွန်ခဲ့တဲ့နှစ်လောက်က သမင်တစ်ကောင်ကို မျိုမိတဲ့ စပါးအုံးမြွေဟာ သမင်ချိုက ဗိုက်ထဲမှာ ဒုက္ခပေးလို့ အသက်သေခဲ့ရတဲ့ ဖြစ်ခဲ့ဖူးပါတယ်။

တစ်ခါတလေ စပါးအုံးမြွေတွေဟာ သူတို့မျိုထားတဲ့သတ္တဝါကို အစာချေဖျက်နိုင်ခြင်းမရှိဘူးဆိုရင် ပြန်ပြီးအန်ထုတ်ကာ ကိုယ့်အသက်ကို အချိန်မီကာကွယ်ရတာမျိုးလည်း ရှိပါတယ်။ အခု ဓာတ်ပုံတွေကတော့ သဘာဝသားရိုင်းဓာတ်ပုံဆရာ Martin Miller က ရိုက်ယူခဲ့တဲ့ ဓာတ်ပုံတွေပါ။

Martin Miller ဟာ သြစတေးလျနိုင်ငံ၊ ကွင်းစ်လန်း သဘာဝဘေးမဲ့တောကြီးတစ်ခုကို ရောက်ရှိစဉ်မှာ အခုလို ကြမ်းတမ်းတဲ့ သားရိုင်းတိရစ္ဆာန်တွေရဲ့ သဘာဝကို မှတ်တမ်းတင်နိုင်ခဲ့တာပါ။ စပါးအုံးမြွေကြီးကတော့ Olive Python မျိုးစိတ်ဖြစ်ပြီး၊ အရွယ်အားဖြင့် (၁၃)ပေအထိ ရှည်နိုင်တယ်လို့ သိရပါတယ်။

စပါးအုံးမြွေမျိုးစိတ်ထဲမှာတော့ Olive မျိုးစိတ်ဟာ အနည်းငယ် သေးသယောင်ရှိတဲ့ မျိုးစိတ်ပါ။ ဒါပေမယ့် မေးရိုးအကျယ်နဲ့ ဖွဲ့စည်းမှုအားက တစ်ခြားမျိုးစိတ်တွေထက် ကောင်းလွန်လို့ သူတို့ခန္ဓာကိုယ်လောက်ရှိတဲ့သတ္တဝါမျိုးကို ကောင်းကောင်း မျိုနိုင်တယ်လို့ သိရပါတယ်။

Miler ရဲ့အဆိုအရ ဒီဓာတ်ပုံတွေကို သူ ချောင်းထဲမှာ လှေလှော်ထွက်စဉ် ထင်မှတ်မထားဘဲ ရိုက်ကူးခွင့်ရခဲ့တာလို့ ဆိုပါတယ်။ သူ့ရဲ့ ဓာတ်ပုံတွေကို ပြန်လည်မျှဝေသူ (၂၇၀၀၀)အထိ ရှိခဲ့ပြီး၊ မှတ်ချက်ရေးသူ (၁၅၀၀၀)အထိ ရှိခဲ့ကြောင်း သိရပါတယ်။

လင်းဇော်ကို (D Khit Media)