အိမ္ေထာင္က်ၿပီးစ အမ်ိးသားေတြ သိထားသင့္တဲ့ အိမ္ေထာင္ေရးသုခ,ခလုတ္မ်ား

836

အိမ္ေထာင္ေရးမွာ သုခေတြနဲ႔ ျပည့္စုံေနမွ အရာရာက သာယာလွပမွာပါ။ အိမ္ေထာင္ေရး သုခလုိ႔ဆုိလုိက္တာနဲ႔ လင္နဲ႔မယား ကုတင္ေပၚက ဇာတ္လမ္းလုိ႔ ျမင္မိၾကပါလိမ့္မယ္။ တကယ္ေတာ့ အိမ္ေထာင္ေရးသုခဆိုတာ ဒီထက္ပုိမ်ားတဲ့ အဓိပၸါယ္ေတြ ရွိေနေသးတယ္ဆုိတာ D Khit ပရိသတ္ႀကီးကို သိေစခ်င္ပါတယ္။

အိမ္ေထာင္က်ၿပီးကာစ အမ်ိဳးသားေတြအေနနဲ႔ အိမ္ေထာင္ေရးသုခကို ဘယ္လုိထိန္းသိမ္းရမလဲဆုိတာ အစပုိင္းမုိ႔ အေတြ႕အႀကဳံမရွိေသးေတာ့ အခက္အခဲေတြ ရွိေနႏုိင္ပါတယ္။ ဒါေပမယ့္ အမ်ားႀကီး ပူစရာေတာ့မလုိပါဘူး။ ေအာက္မွာေဖာ္ျပထားတဲ့ အခ်က္ကေလးေတြ လုိက္လုပ္ေပးရင္ အိမ္ေထာင္ေရး သာယာေနမွာပါ။

(၁) Morning Kiss

မနက္ခင္းေစာေစာ အိပ္ယာထတာနဲ႔ ခ်စ္သူဇနီးမယားကို ၾကင္နာစြာနမ္းပါ၊ မိနစ္အနည္းငယ္ေလာက္အထိ ခပ္တင္းတင္းေလး ေပြ႕ဖက္ထားပါ။ ႏွစ္ေယာက္သား အခ်ိန္(၁၀)မိနစ္ေလာက္အထိ စကားစျမည္ေျပာပါ။ သမီးရည္စားဘဝက စေနာက္ခဲ့တဲ့ပုံစံမ်ိဳဴးေလးေတြ အိမ္ေထာင္သည္ဘဝမွာလည္း လုပ္ဖုိ႔ မပ်င္းပါနဲ႔။

(၂) Dirty Talk

အိမ္ေထာင္သည္ေတြဘဝမွာ ႏွစ္ကိုယ္ၾကား ေျပာလုိ႔ရတဲ့ ညစ္တီးညစ္ပတ္စကားေလးေတြ ရွိပါတယ္။ အားလုံးက ဒါကို ဝန္ခံမွာမဟုတ္ေပမယ့္၊ တကယ္ေတာ့ သူတုိ႔ႏွစ္ေယာက္ၾကားမွာ ဒီေလာက္ကေလးေတာ့ ပြင့္လင္းသင့္ပါတယ္။ ကိုယ့္ရဲ႕စကားေၾကာင့္ မၾကာခဏ အရွက္ရေလ့ရွိတဲ့ ခ်စ္ဇနီးရဲ႕မ်က္ႏွာကို သင္ ေနာက္ပိုင္း ခဏခဏ ျမင္ခ်င္ပါလိမ့္မယ္။

(၃) Daily Hug

ကုိယ္အလုပ္ခြင္ကေန ျပန္ေရာက္တာပဲျဖစ္ျဖစ္၊ အလုပ္ အားလပ္ေနတာပဲျဖစ္ျဖစ္ အဲဒီလုိအခ်ိန္မ်ိဳးမွာ ခ်စ္သူဇနီးကို မၾကာခဏ ဖက္ေပးတတ္ရပါတယ္။ တစ္ခါတေလ သူ အလုပ္လုပ္ေနတဲ့ မီးဖုိေခ်ာင္ထဲမွာ၊ အိမ္သန္႔ရွင္းေရးလုပ္ေနတဲ့အခါမ်ိဳးေတြမွာ ကိုယ္က အတင္းဝင္ဖက္တာမ်ိဳးေတြဟာ အိမ္သူဇနီးေတြ စိတ္ထဲက ေတာင့္တေနတဲ့ ခင္ပြန္းရဲ႕ ၾကင္နာမႈေတြပါ။

(၄) Hungry Sex

အမ်ားစုက အိမ္ေထာင္ေရးသုခလုိ႔ ထင္ေနၾကတဲ့ လင္နဲ႔မယား ႏွစ္ပါးသြားတဲ့ကိစၥကလည္း အိမ္ေထာင္ေရးသုခဆုိတဲ့ ေခါင္းစဥ္ထဲမွာ မရွိမျဖစ္ အေရးပါပါတယ္။ Hungry sex ဆုိတာကေတာ့ ခ်စ္ဇနီးနဲ႔အတူေနတဲ့အခါတုိင္း စိတ္မပါသလုိ၊ အာ႐ုံလြင့္ပ်ံေနသလုိလုိ လုပ္ေနရင္ ဇနီးက စိတ္ေကာင္းမွာ မဟုတ္ပါဘူး။ Hungry ဆုိတဲ့အတိုင္း Hungry ေပးလုိက္ပါ။

(၅) Daily Chat

လင္နဲ႔မယားရယ္လုိ႔ ျဖစ္လာၿပီဆုိရင္ တစ္ေယာက္နဲ႔တစ္ေယာက္ စကားေျပာဖုိ႔အခ်ိန္ဟာ သမီးရည္စားဘဝကထက္ ရာခုိင္ႏႈန္း(၉၀)%ေလာက္ ပုိမ်ားလာပါလိမ့္မယ္။ ၾကာေတာ့ ေယာက္်ားေတြက ေက်ာပူခံႏုိင္တယ္၊ နားပူမခံႏုိင္ဘူးဆုိၿပီး လက္ဖက္ရည္ဆုိင္ ထြက္သြားတတ္ၾကပါတယ္။ ဒါဟာ မိန္းမေတြရဲ႕စိတ္ကုိ နာက်င္ေစပါတယ္။ ေန႔တုိင္း စကားေျပာဖုိ႔ သင့္ဝတၱရား ျဖစ္ပါတယ္။

လင္းေဇာ္ကုိ (D Khit Media)

Ref : cosmopolitan

ယူနီကုဒ်ဖြင့် ဖတ်ရန်-

အိမ်ထောင်ရေးမှာ သုခတွေနဲ့ ပြည့်စုံနေမှ အရာရာက သာယာလှပမှာပါ။ အိမ်ထောင်ရေး သုခလို့ဆိုလိုက်တာနဲ့ လင်နဲ့မယား ကုတင်ပေါ်က ဇာတ်လမ်းလို့ မြင်မိကြပါလိမ့်မယ်။ တကယ်တော့ အိမ်ထောင်ရေးသုခဆိုတာ ဒီထက်ပိုများတဲ့ အဓိပ္ပါယ်တွေ ရှိနေသေးတယ်ဆိုတာ D Khit ပရိသတ်ကြီးကို သိစေချင်ပါတယ်။

အိမ်ထောင်ကျပြီးကာစ အမျိုးသားတွေအနေနဲ့ အိမ်ထောင်ရေးသုခကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာ အစပိုင်းမို့ အတွေ့အကြုံမရှိသေးတော့ အခက်အခဲတွေ ရှိနေနိုင်ပါတယ်။ ဒါပေမယ့် အများကြီး ပူစရာတော့မလိုပါဘူး။ အောက်မှာဖော်ပြထားတဲ့ အချက်ကလေးတွေ လိုက်လုပ်ပေးရင် အိမ်ထောင်ရေး သာယာနေမှာပါ။

(၁) Morning Kiss

မနက်ခင်းစောစော အိပ်ယာထတာနဲ့ ချစ်သူဇနီးမယားကို ကြင်နာစွာနမ်းပါ၊ မိနစ်အနည်းငယ်လောက်အထိ ခပ်တင်းတင်းလေး ပွေ့ဖက်ထားပါ။ နှစ်ယောက်သား အချိန်(၁၀)မိနစ်လောက်အထိ စကားစမြည်ပြောပါ။ သမီးရည်စားဘဝက စနောက်ခဲ့တဲ့ပုံစံမျိုူးလေးတွေ အိမ်ထောင်သည်ဘဝမှာလည်း လုပ်ဖို့ မပျင်းပါနဲ့။

(၂) Dirty Talk

အိမ်ထောင်သည်တွေဘဝမှာ နှစ်ကိုယ်ကြား ပြောလို့ရတဲ့ ညစ်တီးညစ်ပတ်စကားလေးတွေ ရှိပါတယ်။ အားလုံးက ဒါကို ဝန်ခံမှာမဟုတ်ပေမယ့်၊ တကယ်တော့ သူတို့နှစ်ယောက်ကြားမှာ ဒီလောက်ကလေးတော့ ပွင့်လင်းသင့်ပါတယ်။ ကိုယ့်ရဲ့စကားကြောင့် မကြာခဏ အရှက်ရလေ့ရှိတဲ့ ချစ်ဇနီးရဲ့မျက်နှာကို သင် နောက်ပိုင်း ခဏခဏ မြင်ချင်ပါလိမ့်မယ်။

(၃) Daily Hug

ကိုယ်အလုပ်ခွင်ကနေ ပြန်ရောက်တာပဲဖြစ်ဖြစ်၊ အလုပ် အားလပ်နေတာပဲဖြစ်ဖြစ် အဲဒီလိုအချိန်မျိုးမှာ ချစ်သူဇနီးကို မကြာခဏ ဖက်ပေးတတ်ရပါတယ်။ တစ်ခါတလေ သူ အလုပ်လုပ်နေတဲ့ မီးဖိုချောင်ထဲမှာ၊ အိမ်သန့်ရှင်းရေးလုပ်နေတဲ့အခါမျိုးတွေမှာ ကိုယ်က အတင်းဝင်ဖက်တာမျိုးတွေဟာ အိမ်သူဇနီးတွေ စိတ်ထဲက တောင့်တနေတဲ့ ခင်ပွန်းရဲ့ ကြင်နာမှုတွေပါ။

(၄) Hungry Sex

အများစုက အိမ်ထောင်ရေးသုခလို့ ထင်နေကြတဲ့ လင်နဲ့မယား နှစ်ပါးသွားတဲ့ကိစ္စကလည်း အိမ်ထောင်ရေးသုခဆိုတဲ့ ခေါင်းစဉ်ထဲမှာ မရှိမဖြစ် အရေးပါပါတယ်။ Hungry sex ဆိုတာကတော့ ချစ်ဇနီးနဲ့အတူနေတဲ့အခါတိုင်း စိတ်မပါသလို၊ အာရုံလွင့်ပျံနေသလိုလို လုပ်နေရင် ဇနီးက စိတ်ကောင်းမှာ မဟုတ်ပါဘူး။ Hungry ဆိုတဲ့အတိုင်း Hungry ပေးလိုက်ပါ။

(၅) Daily Chat

လင်နဲ့မယားရယ်လို့ ဖြစ်လာပြီဆိုရင် တစ်ယောက်နဲ့တစ်ယောက် စကားပြောဖို့အချိန်ဟာ သမီးရည်စားဘဝကထက် ရာခိုင်နှုန်း(၉၀)%လောက် ပိုများလာပါလိမ့်မယ်။ ကြာတော့ ယောက်ျားတွေက ကျောပူခံနိုင်တယ်၊ နားပူမခံနိုင်ဘူးဆိုပြီး လက်ဖက်ရည်ဆိုင် ထွက်သွားတတ်ကြပါတယ်။ ဒါဟာ မိန်းမတွေရဲ့စိတ်ကို နာကျင်စေပါတယ်။ နေ့တိုင်း စကားပြောဖို့ သင့်ဝတ္တရား ဖြစ်ပါတယ်။

လင်းဇော်ကို (D Khit Media)

Ref : cosmopolitan