တစ်ပတ်စာ၇ရက်သားသမီးဟောစာတမ်း . . . 13.6.2019 မှ 19.6.2019 အထိ

211

တနင်္ဂနွေ

ဒီကာလအတွင်း အလုပ်တွေများနေတာကြောင့်ပဲ အချိန်တွေဘယ်လိုကုန်သွားမှန်းမသိအောင်ဖြစ်ရတတ် ပါတယ်။ အပင်ပန်းခံမှုတွေကြောင့်လဲ ၀ီရိယအကျိုးတော့ခံစားရပါလိမ့်မယ်။ ဖခင် ဒါမှမဟုတ်မိမိရဲ့အထက်လူကြီး ကျန်းမာရေးညံ့နိုင်တာကိုလဲ တွေ့ရပါတယ်။

အလုပ်နဲ့ပက်သက်ပြီး ဖွဲ့စည်းပုံပြောင်းတာ၊အလုပ်တာဝန်ပြောင်းလဲ လုပ်ကိုင်ရတာမျိုးတွေကြုံရတတ်ပါတယ်။အပြောင်းအရွှေ့လုပ်မယ်လို့ သတင်းကြားနေရင်တော့ မိမိနယ်ပြောင်းရ တဲ့အထဲပါတတ်ပါတယ်။ မိမိရဲ့ကျန်းမာရေးကလဲ အဆိုးကြီးမဟုတ်ရင်တောင် တစ်ငွေ့ငွေ့နဲ့ဖြစ်တတ်ပါတယ်။

ဖျား ချင်သလိုဖြစ်လိုက်၊ခေါင်းကိုက်လိုက်၊ နှာစေးလိုက်ဆိုတာမျိုး ပြောင်းလဲဖြစ်နေတတ်ပါတယ်။ ကိုယ်ပိုင်စီးပွားရေး တွေကတော့ စိတ်ကူးသစ်အကြံအစည်သစ်တွေကိုဦးစားမပေးသင့်ပါဘူး။ လူကြီးတွေ၊ဌာနဆိုင်ရာတွေနဲ့ပက်သက် ဆက်နွယ်လုပ်ကိုင်ခြင်းများအခက်အခဲများပါတယ်။ အချစ်ရေးမှာတော့ ချစ်သူကလဲအလုပ်များနေတာကြောင့် နှစ်ယောက်စလုံးအဆက်အသွယ်နည်းပါလိမ့်မယ်။

အိမ်ထောင်ရေးကတော့ နားလည်မှုယူမှအဆင်ပြေပါလိမ့်မယ်။ ပညာရေးနဲ့ပက်သက်ပြီးတော့လဲ စိတ်ရှုပ်နေတာကြောင့် အာရုံမစိုက်နိုင်ဖြစ်ရတတ်ပါတယ်။အကျိုးပေးဂဏန်း ၃၊၄၊၈ ။အထူးဟော အလုပ်တွေများနေရတတ်ပါတယ်။ယတြာ ဒဏ်ကြေလိမ်းဆေးဘုရားကပ်လှူလိုက်ပါ။

တနင်္လာ

ဒီကာလအတွင်းမိမိအတွက်ကောင်းသော၊စိတ်ချမ်းသာဖွယ်ဖြစ်သော အခြေအနေကိုကြုံရတတ်ပါတယ်။ ငွေကြေးနဲ့ပက်သက်ပြီးတော့လဲ အဘက်ဘက်ကငွေဝင်လာစရာရှိပါတယ်။ကားဖြင့်လှည့်လည်ရောင်းသော ထီ ဆိုင်မှထီလက်မှတ်ကိုရွေးချယ်လိုက်ပါ။ မိမိသင်ချင်တဲ့ပညာများကိုလဲ သင်ကြားခွင့်တွေရလာတတ်ပါတယ်။

ကျန်း မာရေးကတော့အကောင်းများနေတတ်ပါတယ်။ကျန်းမာရေးကတော့အခက်အခဲတွေရှိခဲ့ရင်လဲဖြေရှင်းနိုင်ပါလိမ့် မယ်။ မိမိလုပ်ချင်တဲ့ကုသိုလ်လေးတွေလဲ လုပ်ခွင့်ရလာပါလိမ့်မယ်။မိမိအတွက်ကောင်းသောအလုပ်တွေကိုလဲ လုပ်ခွင့်ရလာပါလိမ့်မယ်။သားသမီးကြောင့် စိတ်ဆင်းရဲစရာတွေဖြစ်ရတတ်ပါတယ်။

အလုပ်နဲ့ပက်သက်ပြီးလူငယ် တွေ၊အောက်လက်ငယ်သားတွေကိုနေရာပေးလေ့ရှိပါတယ်။ စိတ်ကူးထားသမျှ အကောင်းဆုံးအကောင်အထည် ဖော်နိုင်ပါလိမ့်မယ်။အချစ်ရေးအဆင်ပြေပါလိမ့်မယ်။ မင်္ဂလာကိစ္စတွေအတွက်ပြောဆိုဆောင်ရွက်လို့အထူးကောင်း တဲ့ကာလပါပဲ။ အိမ်ထောင်ရေးနဲ့ပက်သက်ပြီးတော့လဲ အထူးအဆင်ပြေပါလိမ့်မယ်။

ပညာရေးကတော့ သင်ယူ လွယ်၊တတ်မြောက်လွယ်တဲ့ကာလပါပဲ။အကျိုးပေးဂဏန်း ၄၊၅၊၂ ။အထူးဟော ကံမြင့်မားနေမည်။ယတြာ ၂၄ပစ္စည်းနေ့စဉ်သက်စေ့ရွတ်ပါ။

အင်္ဂါ

ဒီကာလအတွင်းမိမိအတွက် ပျော်စရာ၊စိတ်ချမ်းသာစရာများပါလိမ့်မယ်။ ငွေကြေးနဲ့ပက်သက်ပြီးတော့လဲ စတင်စုဆောင်းလို့အထူးကောင်းပါတယ်။အောက်လက်ငယ်သားတွေဆီကအကူအညီတွေ အကြံဥာဏ်တွေအထူး ရတတ်ပါတယ်။ သူများနဲ့မတူဘဲ စွန့်ဦးထီထွင်ကြိုးစားတာမျိုးကပိုမိုအဆင်ပြေနိုင်ပါတယ်။

စက်ကားများကိုပြုပြင် ထိန်းသိမ်းခြင်း၊အသစ်ဝယ်ခြင်းတွေကို အလေးပေးဆောင်ရွက်နိုင်ပါလိမ့်မယ်။ ကျန်းမာရေးအညံ့တော့ရှိတယ်။ ဖျားတာနာတာမျိုးဖြစ်ရပါလိမ့်မယ်။ သူတစ်ပါးဆီကအကူအညီတွေကိုရရှိလာနိုင်တာကိုလဲ တွေ့ရပါတယ်။ ခိုင်မာ သေချာတဲ့ ရင်းနှီးမြုပ်နှံမှုတွေကိုစတင်နိုင်မဲ့ ကာလပါပဲ။

မိမိမိတ်ဆွေတွေကနေတဆင့် မိတ်ဆွေသစ်တွေတိုးပွားပါ လိမ့်မယ်။ကျန်းမာရေးကလဲ အထူးပဲတိုးတတ်အောင်စွမ်းဆောင်နိုင်ပါလိမ့်မယ်။ ဆေးစစ်ခြင်း၊ဆေးကုခြင်း၊ရောဂါ ရှာဖွေခြင်းများကိုလဲ အလေးပေးပြီးဆောင်ရွက်နိုင်ပါလိမ့်မယ်။ အချစ်ရေးနဲ့ပက်သက်ပြီးတော့လဲ ချစ်သူသစ်ရ လွယ်ပါတယ်။ မိမိကြိုးစားနေတဲ့ ချစ်ရသူထံမှာ မိမိလိုချင်တဲ့အဖြေမျိုးရလွယ်ပါတယ်။ အိမ်ထောင်ရေးမှာ အယူအဆတွေကွဲလွဲနေပါလိမ့်မယ်။

ပညာရေးမှာ သင်ယူခြင်းထက် ပြန်လည်သင်ကြားရေးတွေမှာကောင်းမွန်ပါ တယ်။အကျိုးပေးဂဏန်း ၅၊၃၊၆ ။အထူးဟော စိတ်ချမ်းသာရမည်ယတြာ ဆိတ်သားဟင်းချက်ပြီး ဘုရားရှင်အားဆွမ်းကပ်လှူပါ။

ဗုဒ္ဓဟူး/ရာဟု

ဒီကာလအတွင်း ကံကောင်းခြင်းတွေမလာခင်အဆင်မပြေခြင်း၊အခက်အခဲများခြင်းတွေကိုအရင်ကြုံရပါ လိမ့်မယ်။ တစ်ပါးသူတွေရဲ့အကူအညီတွေကိုလဲယူနေရတတ်ပါတယ်။လိုအပ်တာထက်ပိုပြီးတော့အားစိုက်လုပ် ကိုင်စေချင်ပါတယ်။ အပင်ပန်းခံ၊ဒုက္ခခံမှလဲ အဆင်ပြေနိုင်တာကိုလဲတွေ့ရပါတယ်။ငွေကြေးကံတော့ကောင်းနေပါ လိမ့်မယ်။

ကြန့်ကြာနေတဲ့ငွေတွေပြန်ဝင်လာတတ်ပါတယ်။ လူမှုရေးကိစ္စတွေကိုတော့ တတ်နိုင်သမျှဝင်မပါနဲ့ဗျ။ ကိုယ်နဲ့တိုက်ရိုက်မသက်ဆိုင်ရင်တော့ မသိသလိုသာနေထိုင်တာကအကောင်းဆုံးပါပဲ။ ဘာအလုပ်ကိုပဲလုပ်လုပ် ချင့်ချိန်ပြီးမှရှေ့တိုးဆောင်ရွက်တာအကောင်းဆုံးပါပဲ။

တတ်သိနားလည်ထားသမျှကိုလဲ သူများတွေကိုပညာဒါန အနေနဲ့ပြန်လည်သင်ပေးမယ်ဆိုအကောင်းဆုံးပါပဲ။ကျန်းမာရေးအခြေအနေကတော့ ဒီကာလမှာညံ့နေတာတော့ သိပ်မတွေ့ရပါဘူး။မတ်တပ်ဖျား၊မတ်တပ်နာလောက်ပါပဲ။ အချစ်ရေးမှာတော့ မိမိအစွမ်းအစထက် အောင်သွယ် တွေကောင်းမှုကြောင့် အဆင်ပြေသွားနို်င်တာကိုတွေ့ရပါတယ်။

အိမ်ထောင်ရေးအတွက်စိတ်ညစ်နေရတာမျိုးတွေ ရှိတတ်ပါတယ်။ ပညာရေးကံကောင်းနေမဲ့ကာလပါပဲ။အကျိုးပေးဂဏန်း ၀၊၆၊၇ ။အထူးဟော ကံအားနည်းနေမည်။ယတြာ မွေးနံထောင့်မှာရေသပ္ပယ်ပါ။ ဘုရားစေတီမှာသန့်ရှင်းရေလုပ်ပါ။

ကြာသပတေး

ဒီကာလအတွင်း မိမိအတွက်သေချာကျနစွာဖြေရှင်းပေးနိုင်ပါလိမ့်မယ်။ငွေကြေးရှာဖွေစုဆောင်းလို့အထူး ကောင်းပါတယ်။ ဒါပေမဲ့လိမ်လည်လှည့်ဖျားမဲ့သူတွေနဲ့အထူးကြုံနေရတတ်ပါတယ်။ မိမိအတွက်ကောင်းသော မိတ် ဆွေတွေနည်းနေတာကိုသတိထားလိုက်ပါ။ သူတစ်ပါးစကားမှာမျောပြီးလုပ်မိတယ်ဆိုရင်တော့အမှားများနိုင်ပါ တယ်။

ပွဲစားအလုပ်များ၊အကျိုးဆောင်အလုပ်များအထူးသတိထားပါ။ ဘယ်လောက်ပဲယုံရယုံရ တစ်ဦးတစ်ယေက် အတွက် အာမခံပေးတာမျိုးတွေရှောင်လိုက်စေချင်ပါတယ်။ စပ်တူလုပ်ထားသူများ နှစ်ဦးထက်ပိုပါက ရှယ်ယာဝင် တစ်ဦးဦးနှုတ်ထွက်သွားတာမျိုးတွေကြုံရတတ်ပါတယ်။ ရေလမ်းခရီးကိုသတိထားပြီးသွားစေချင်ပါတယ်။

အိမ် ထောင်ရေးမှာတော့ အလွန်ပဲအဆင်ပြေပါလိမ့်မယ်။ အိမ်ထောင်ဘက်ရဲ့အကူအညီတွေကိုလဲကောင်းစွာရရှိနိုင်ပါ လိမ့်မယ်။အချစ်ရေးမှာတော့ နားလည်မှုရှိရှိနဲ့ရှေ့ဆက်နိုင်ပါလိမ့်မယ်။ချစ်သူသစ်၊ရည်းစားသစ်လဲရလွယ်နေတာကို တွေ့ရပါတယ်။ တစ်ခုဆိုးတာက မိမိကိုယ်တိုင်ကလက်ရှိချစ်သူအပေါ်အနည်းငယ်စိတ်ပျက်နေမိတတ်ပါတယ်။

ပညာရေးကတော့ စတင်သင်ယူလို့အထူးကောင်းပါတယ်။အကျိုးပေးဂဏန်း ၁၊၇၊၅ ။အထူးဟော ကံသင့်ပါတယ်။ယတြာ အုန်းနို့ပါတဲ့အစားအသောက်တစ်မျိုးမျိုးဘုရားကပ်လှူပါ။

သောကြာ

ဒီကာလအတွင်း အကြံအစည်တွေ၊စိတ်ကူးတွေကိုလဲ လက်တွေ့အကောင်အထည်ဖော်လို့ကောင်းပါတယ်။ စိတ်ချမ်းသာစရာကိစ္စတွေကိုလဲ အထူးကြုံရနိုင်ပါတယ်။ အလုပ်နဲ့ပက်သက်ပြီး ရောင်းပန်းဝယ်ပန်းတွေပွင့်လိမ့် မယ်။ လူအများရဲ့ယုံကြည်ကိုးစားခြင်းကိုလဲခံရတတ်ပါတယ်။

မိမိသာ လုပ်ငန်းရှင်များ၊မန်နေဂျာများဆိုရင်တော့ အောက်လက်ငယ်သားတွေကိုကောင်းစွာစီမံအုပ်ချုပ်နိုင်ပါလိမ့်မယ်။ ခရီးကိစ္စများအထူးဆောင်ရွက်နိုင်ပါလိမ့်မယ်။ အိမ်ခန်းပြုပြင်ခြင်းတွေ၊အိမ်ထောင်ပရိဘောဂ၀ယ်ခြင်းတွေ၊ တီဗီ ဆောင်းဘောက် စတဲ့ဖျော်ဖြေရေးနဲ့ပက်သက် သောပစ္စည်းများ၊ဇိမ်ခံပစ္စည်းများဝယ်ယူခြင်းတွေအထူးကောင်းပါတယ်။

ကျန်းမာရေးအတွက်စိုးရိမ်စရာမလိုပါ။ ကိုယ်ခံအားကောင်းနေတာမျိုးတွေ့ရပါတယ်။ အပျော်ကိစ္စတွေဆောင်ရွက်မယ်ဆိုရင်တော့ မဆိုးပါဘူး။ ဒါပေမဲ့ အသောက်အစားများပြီး အပျက်ဘက်မရောက်ပါစေနဲ့။ အချစ်ရေးကတော့အထူးကောင်းပါတယ်။ ဒါပေမဲ့အလုပ် များနေတာကြောင့်ချစ်သူနဲ့ဆုံချိန်နည်းပါလိမ့်မယ်။

အိမ်ထောင်ရေးမှာလဲ အိမ်ထောင်ဘက်က မိမိလိုချင်တဲ့ပစ္စည်း တွေကိုလက်ဆောင်ရတတ်ပါတယ်။ မိမိလုပ်ငန်းတိုးတတ်စေမဲ့ ပညာတွေကိုသင်ယူစေချင်ပါတယ်။အကျိုးပေးဂဏန်း ၁၊၂၊၆ ။အထူးဟော အလုပ်တွေချဲ့ထွင်နိုင်ပါတယ်။ယတြာ အကြော်စုံဘုရားကပ်လှူလိုက်ပါ။

စနေ

ဒီကာလအတွင်းမိမိအတွက် သတိထားရမှာကလုပ်ဖော်ကိုင်ဖက်တွေနဲ့ အပေးအယူမမျှတာမျိုးတွေဖြစ်ရ တတ်ပါတယ်။ မိတ်ဆွေရင်းတွေနဲ့လဲ စိတ်ဝမ်းကွဲစရာပေါ်လာတတ်ပါတယ်။ ရန်မဖြစ်အောင်နေထိုင်လိုက်ပါ။ရန် ဖြစ်လို့ အမှုအခင်းဖြစ်ရရင်ရှင်းရခက်ခဲသွားတတ်ပါတယ်။ အလုပ်နဲ့ပက်သက်ပြီး အသွားအလာအလှုပ်အရှားများရ မည်။

အထိုင်မနေတတ်။ အလုပ်နဲ့ပက်သက်ပြီးတော့လဲ တိုးတတ်အောင်စွမ်းဆောင်နိုင်ပါလိမ့်မယ်။ နိုင်ငံခြားသွင်း ကုန်ထုတ်ကုန်ကိစ္စများ၊နိုင်ငံခြားသွားဖို့ အင်တာဗျူးဖြေခြင်းများကိုလဲ ဒီကာလမှာအခက်အခဲများနိုင်တာကိုလဲ တွေ့ ရတတ်ပါတယ်။ တောင်တတ်ခရီးများ၊ တောထဲသွားရတဲ့ခရီးများ သတိနဲ့ယှဉ်ပြီးသွားလာသင့်ပါတယ်။

ကျန်းမာ ရေးကိုလဲ သတိထားပါလို့မှာချင်ပါတယ်။ခေါင်းကိုက်တာမျိုး၊ခေါင်းမူးတာမျိုးအပြင် အာရုံကြောနဲ့ပက်သက်သော ရောဂါများဖြစ်လွယ်ပါတယ်။ အချစ်ရေးအတွက်စိတ်ချမ်းသာရလိမ့်မယ်။ ချစ်သူရဲ့အလိုလိုက်ခြင်းကိုခံရပါလိမ့်မယ်။ အိမ်ထောင်ရေးမှာတော့ တစ်ယောက်တစ်ခွန်းစကားများရတတ်ပါတယ်။

ပညာရေးမှာတော့ သေချာအားစိုက်ဖို့ လိုပါတယ်။ ရလဒ်တွေနည်းနေတတ်ပါတယ်။အကျိုးပေးဂဏန်း ၂၊၃၊၉ ။အထူးဟော အလုပ်ရှုပ်နေတတ်ပါတယ်။ယတြာ တတ်နိုင်သလောက်တရားရှုမှတ်ပေးပါ။

၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)0977 5555 695 ။ 09 44 5555 695