အခ်ဳပ္က်ေနတဲ႔ ခင္ပြန္းသည္ကို ဇနီးျဖစ္သူက သံျဖတ္လႊျဖင့္ကယ္ရန္ ႀကိဳးပမ္းမႈျဖစ္ပြား

774

ဆီဆိုင္ၿမိဳ႕မရဲစခန္းအခ်ဳပ္၌ မူးယစ္မႈျဖင့္ဖမ္းခံရသည့္ခင္ပြန္းကို ဧည့္ေတြ႔လာေသာဇနီးျဖစ္သူက သံျဖတ္လႊျဖင့္ ကယ္ရန္ အားထုတ္ခဲ့သျဖင့္ ဖမ္းဆီးခဲ့ရေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ရွမ္းျပည္နယ္၊ ေတာင္ႀကီးခရိုင္၊ ဆီဆိုင္ၿမိဳ႕နယ္၊ ဆီဆိုင္ၿမိဳ႕မရဲစခန္းအခ်ဳပ္၌ မယ(ပ)၁/၂၀၁၉၊ မူး/စိတ္ ၁၉ (က)/ ၂၂(ခ)/၂၁ ျဖင့္ ခ်ဳပ္ေႏွာင္ထားသူ စိုင္းေနာင္(ခ)စိုင္းေနာက္၊ (၂၉)ႏွစ္ထံ ေဖေဖာ္ဝါရီလ ၂ ရက္၊ နံနက္ ၉ နာရီခြဲခန္႔က

ဧည့္ေတြ႕လာေရာက္သည့္ ၎၏ဇနီးျဖစ္သူ နန္းယု၊ (၂၂)ႏွစ္မွ ပို႔ေဆာင္သည့္ ပစၥည္းမ်ားအား စစ္ေဆးခဲ့ေၾကာင္း သိရသည္။ထိုသို႔စစ္ေဆးရာ JAJACO အမ်ိဳးအစားဖိနပ္၏ ယာဘက္ေအာက္ခံႏွင့္အေပၚခုံၾကား ေကာ္ျဖင့္ကပ္၍ သိုဝွက္ ထည့္ထားေသာ

အလ်ား ၉.၇၈ လက္မ၊ ျဗက္ ၁ လက္မခန္႔ရွိ ႏွစ္ဘက္သြား သံျဖတ္လႊ ၁ ေခ်ာင္းအား ေတြ႕ရွိသိမ္းဆည္းရမိခဲ့ေၾကာင္း ရဲတပ္ဖြဲ႔၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ထိုသို႔ေတြ႔ရွိခဲ့သျဖင့္ နန္းယု၊ (၂၂)ႏွစ္ကို ဆီဆိုင္ၿမိဳ႕မရဲစခန္း၌ (ပ)၁၀/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ- ၂၂၅ (ဥပေဒႏွင့္အညီခ်ဳပ္ထားသည္ကိုကယ္ရန္အားထုတ္မႈ)ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။Credit-Akonthi

Unicode

ဆီဆိုင်မြို့မရဲစခန်းအချုပ်၌ မူးယစ်မှုဖြင့်ဖမ်းခံရသည့်ခင်ပွန်းကို ဧည့်တွေ့လာသောဇနီးဖြစ်သူက သံဖြတ်လွှဖြင့် ကယ်ရန် အားထုတ်ခဲ့သဖြင့် ဖမ်းဆီးခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ဆီဆိုင်မြို့နယ်၊ ဆီဆိုင်မြို့မရဲစခန်းအချုပ်၌ မယ(ပ)၁/၂၀၁၉၊ မူး/စိတ် ၁၉ (က)/ ၂၂(ခ)/၂၁ ဖြင့် ချုပ်နှောင်ထားသူ စိုင်းနောင်(ခ)စိုင်းနောက်၊ (၂၉)နှစ်ထံ ဖေဖော်ဝါရီလ ၂ ရက်၊ နံနက် ၉ နာရီခွဲခန့်က

ဧည့်တွေ့လာရောက်သည့် ၎င်း၏ဇနီးဖြစ်သူ နန်းယု၊ (၂၂)နှစ်မှ ပို့ဆောင်သည့် ပစ္စည်းများအား စစ်ဆေးခဲ့ကြောင်း သိရသည်။ထိုသို့စစ်ဆေးရာ JAJACO အမျိုးအစားဖိနပ်၏ ယာဘက်အောက်ခံနှင့်အပေါ်ခုံကြား ကော်ဖြင့်ကပ်၍ သိုဝှက် ထည့်ထားသော

အလျား ၉.၇၈ လက်မ၊ ဗြက် ၁ လက်မခန့်ရှိ နှစ်ဘက်သွား သံဖြတ်လွှ ၁ ချောင်းအား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့တွေ့ရှိခဲ့သဖြင့် နန်းယု၊ (၂၂)နှစ်ကို ဆီဆိုင်မြို့မရဲစခန်း၌ (ပ)၁၀/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ- ၂၂၅ (ဥပဒေနှင့်အညီချုပ်ထားသည်ကိုကယ်ရန်အားထုတ်မှု)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။Credit-Akonthi