မႏၱေလးမဟာေအာင္ေျမေက်ာက္၀ိုင္းတြင္ က်ပ္သိန္းေပါင္း ၆ေသာင္းေက်ာ္ လိမ္လည္မႈျဖစ္ပြား

623

မႏၱေလးျမိဳ႕ မဟာေအာက္ေျမေက်ာက္မ်က္ေရာင္း၀ယ္ေရးစခန္းတြင္ ေက်ာက္စိမ္းအပြင့္(အရည္ေက်ာက္)နွင့္ ေက်ာက္စိမ္းလက္ေကာက္ကုန္သည္္မ်ားထံမွ ေက်ာက္ပြဲစားလုပ္ကိုင္သူ သံုးဦးတို႔က ေငြက်ပ္သိန္းေပါင္းေျခာက္ေသာင္းေက်ာ္ လိမ္လည္မႈျဖစ္ပြားခဲ့ေၾကာင္း မဟာေအာက္ေျမေက်ာက္မ်က္ေရာင္း၀ယ္ေရးစခန္းအက်ိဳးေတာ္ေဆာင္အဖြဲ႔ ထံမွ သိရသည္။

အဆိုပါ လိမ္လည္မႈျဖစ္စဥ္မ်ားတြင္ ေက်ာက္စိ္မ္းလက္ေကာက္ဝိုင္း၌ က်ပ္သိန္းေပါင္းတစ္ေသာင္းေက်ာ္လိမ္လည္သူ တစ္ဦးကို ေဖေဖၚ၀ါရီ ၂ ရက္ေန႔ ဖမ္းဆီးရမိ ေၾကာင္းသိရသည္။

” လိမ္တဲဲ့သူကို ေျမာက္ျပင္မွာေတြ႔လိုက္တယ္ဆိုျပီး လက္ေကာက္ ေရာင္း၀ယ္ေရး အိမ္ခံလုပ္သူတစ္ဦးက ေဖ ေဖၚ၀ါရီ ၂ ရက္ေန႔က ဖုန္းဆက္လာေတာ့ ေခ်ာ့ေမာ့ေခၚလာဖို႔ေျပာလိုက္တယ္။ အက်ိဳးေဆာင္ရံုးကို ေခၚယူစစ္ ေဆးတာ ည ၁ နာရီထိပဲ။ ပစၥည္းတခ်ိဳ႕ေတာ့ျပန္ေပးလို႔ သူဆီမွာ သိန္း ၉၉၀၀ ေလာက္က်န္ေသးတယ္။

ခုေတာ့ ရဲစခန္းမွာပါ” ဟု မဟာေအာင္ေျမေက်ာက္မ်က္ေရာင္း၀ယ္ေရးစခန္းအတြင္းေရးမွဴး ဦးမ်ိဳးျမင့္ႏိုင္ကေျပာသည္။ဖမ္းဆီးရမိသူတစ္ဦးကို အမွတ္ ၇ နယ္ေျမရဲစခန္းတြင္ ထိန္းသိမ္းထားျပီး၊ ေက်ာက္စိမ္းအပြင့္၀ိုင္းျဖစ္စဥ္တြင္ တစ္ဦးက က်ပ္သိန္းေပါင္း ငါးေသာင္းေက်ာ္နွင့္ တစ္ဦးကသိန္းတစ္ေထာင္ေက်ာ္လိမ္လည္သူတုိ႔မွာ တိမ္း ေရွာင္ေနေၾကာင္းသိရသည္။

အဆိုပါျဖစ္စဥ္မွာ သံုးဦးသည္ ေက်ာက္ပြဲစားမ်ားျဖစ္ျပီး ျပီးခဲ့သည့္ ရက္ပိုင္းက ေက်ာက္ကုန္သည္မ်ားထံမွ ေက်ာက္စိမ္းလက္ေကာက္၊ ေက်ာက္စိမ္းအပြင့္မ်ားကို ပြဲတိုက္ရန္(ေရာင္းခ်ေပးရန္)ယူေဆာင္သြားရာမွာ ျပန္္လည္ေပးအပ္ျခင္းမရွိပဲ လိမ္လည္သြားျခင္းျဖစ္ေၾကာင္း သိရသည္။

“သူတို႔ သံုးဦးက တစ္အုပ္စုထဲမဟုတ္ဘူး။ အရင္ကေတာ့ နာမည္ပ်က္မရွိဘူးေပါ့။ ဘာေၾကာင့္ ခုလိုလုပ္လဲက မေျပာတတ္ဘူး။

ဒီလို ယံုၾကည္မႈရေအာင္ အခ်ိန္ေပး ရမယ္။ ေျပာမယ္ဆိုရင္ ၾကိဳတင္ ၾကံစည္လိမ္တာေတာ့ မဟုတ္ေလာက္ဘူး။ ေငြလွည့္ရင္းနဲ႔ မႏိုင္ေတာ့ လို႔လုပ္ တာ ထင္တယ္”ဟု ၎က ဆက္လက္သံုးသပ္ေျပာဆိုခဲ့သည္။လြန္ခဲ့သည့္ ၂ နွစ္ခန္႔ကလည္း ယခုကဲ့သို႔ လိမ္လည္မွဳျဖစ္ပြားခဲ့ေၾကာင္း သိရသည္။By – ျပည္စိုး MUNA

Unicode

မန္တလေးမြို့ မဟာအောက်မြေကျောက်မျက်ရောင်းဝယ်ရေးစခန်းတွင် ကျောက်စိမ်းအပွင့်(အရည်ကျောက်)နှင့် ကျောက်စိမ်းလက်ကောက်ကုန်သည်များထံမှ ကျောက်ပွဲစားလုပ်ကိုင်သူ သုံးဦးတို့က ငွေကျပ်သိန်းပေါင်းခြောက်သောင်းကျော် လိမ်လည်မှုဖြစ်ပွားခဲ့ကြောင်း မဟာအောက်မြေကျောက်မျက်ရောင်းဝယ်ရေးစခန်းအကျိုးတော်ဆောင်အဖွဲ့ ထံမှ သိရသည်။

အဆိုပါ လိမ်လည်မှုဖြစ်စဉ်များတွင် ကျောက်စိ်မ်းလက်ကောက်ဝိုင်း၌ ကျပ်သိန်းပေါင်းတစ်သောင်းကျော်လိမ်လည်သူ တစ်ဦးကို ဖေဖေါ်ဝါရီ ၂ ရက်နေ့ ဖမ်းဆီးရမိ ကြောင်းသိရသည်။

” လိမ်တဲ့သူကို မြောက်ပြင်မှာတွေ့လိုက်တယ်ဆိုပြီး လက်ကောက် ရောင်းဝယ်ရေး အိမ်ခံလုပ်သူတစ်ဦးက ဖေ ဖေါ်ဝါရီ ၂ ရက်နေ့က ဖုန်းဆက်လာတော့ ချော့မော့ခေါ်လာဖို့ပြောလိုက်တယ်။ အကျိုးဆောင်ရုံးကို ခေါ်ယူစစ် ဆေးတာ ည ၁ နာရီထိပဲ။ ပစ္စည်းတချို့တော့ပြန်ပေးလို့ သူဆီမှာ သိန်း ၉၉၀ဝ လောက်ကျန်သေးတယ်။

ခုတော့ ရဲစခန်းမှာပါ” ဟု မဟာအောင်မြေကျောက်မျက်ရောင်းဝယ်ရေးစခန်းအတွင်းရေးမှူး ဦးမျိုးမြင့်နိုင်ကပြောသည်။ဖမ်းဆီးရမိသူတစ်ဦးကို အမှတ် ၇ နယ်မြေရဲစခန်းတွင် ထိန်းသိမ်းထားပြီး၊ ကျောက်စိမ်းအပွင့်ဝိုင်းဖြစ်စဉ်တွင် တစ်ဦးက ကျပ်သိန်းပေါင်း ငါးသောင်းကျော်နှင့် တစ်ဦးကသိန်းတစ်ထောင်ကျော်လိမ်လည်သူတို့မှာ တိမ်း ရှောင်နေကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်မှာ သုံးဦးသည် ကျောက်ပွဲစားများဖြစ်ပြီး ပြီးခဲ့သည့် ရက်ပိုင်းက ကျောက်ကုန်သည်များထံမှ ကျောက်စိမ်းလက်ကောက်၊ ကျောက်စိမ်းအပွင့်များကို ပွဲတိုက်ရန်(ရောင်းချပေးရန်)ယူဆောင်သွားရာမှာ ပြန်လည်ပေးအပ်ခြင်းမရှိပဲ လိမ်လည်သွားခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့ သုံးဦးက တစ်အုပ်စုထဲမဟုတ်ဘူး။ အရင်ကတော့ နာမည်ပျက်မရှိဘူးပေါ့။ ဘာကြောင့် ခုလိုလုပ်လဲက မပြောတတ်ဘူး။

ဒီလို ယုံကြည်မှုရအောင် အချိန်ပေး ရမယ်။ ပြောမယ်ဆိုရင် ကြိုတင် ကြံစည်လိမ်တာတော့ မဟုတ်လောက်ဘူး။ ငွေလှည့်ရင်းနဲ့ မနိုင်တော့ လို့လုပ် တာ ထင်တယ်”ဟု ၎င်းက ဆက်လက်သုံးသပ်ပြောဆိုခဲ့သည်။လွန်ခဲ့သည့် ၂ နှစ်ခန့်ကလည်း ယခုကဲ့သို့ လိမ်လည်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။By – ပြည်စိုး MUNA